Light 3(Zaw+Uni)

15.1K 1.1K 9
                                    

ဝူချီလန် အမှောင်ထဲထိုးကျသွားပေမယ့် နွေးထွေးတဲ့လက်တစ်စုံရဲ့ ပွေ့ဖက်မှုကိုတော့သတိရခဲ့တယ်

"(ဘယ်သူလည်း ငါ့ကိုဖက်တာဘယ်သူလည်း ယိုယီလား မဟုတ်လောက်ဘူး ဘယ်သူလည်း)

ဘယ်လိုပဲအားထုတ်အားထုတ်မျက်လုံးမဖွင့်နိုင်ခဲ့ပေ

ဝူချီလန်သတိရလာတော့ လှည်းပေါ်ရောက်နေတယ်ဆိုတာသိသည်

သို့သော် ဘယ်ကိုဦးတည်နေတယ်ဆိုတာတော့မသိပေ

ထို့ကြောင့်မျက်လုံးဖွင့်ကြည့်ရာ မျက်လုံးကို ပိတ်အဖြူနဲ့ တင်းတင်းစီးထားသောကြောင့်ဖွင့်မရပေ သိုသော် အသံများတော့ကြာနေရသည်

"မင်းသားတိုင်းပြည်ကိုပြန်ကြွချီလာပြီ

လူအများစုရဲ့ အားပေးသံကြောင့် သူရန်တိုင်းပြည်ကိုအခေါ်ခံလာရတာကိုသိလိုက်တာကြောင့်သူထဖို့ပြင်လိုက်တယ်

ဒါပေမယ့်လည်း သူ့လက်တွေဟာလှုပ်မရပေ လှည်းရပ်သွားပြီးတိတ်ဆိတ်ချိန်

လူတစ်ယောက်နှုတ်ဆက်သံကြောင့် နန်းတော်ထဲရောက်နေပြီဆိုတာသိလိုက်တယ်

"မင်းသားရန်ရောက်ပါပြီ

"အင်း ငါ ခမည်းတော်စီသွားလိုက်ဦးမယ် မင်း ဒီ ဝူမင်းသားလေးကို ရေချိုးသန့်စင်ပေးပြီး ငါ့အခန်းထဲပို့ထားလိုက်

"ဟုတ်ကဲ့ပါ

ထို့နောက် ဝူချီလန်ရဲ့ မျက်လုံးကပဝါကိုဖြုတ်လိုက်တော့မြင်လိုက်ရတာက

"ယို့ယီ

"မင်းသားလေးနိုးနေတာလား

"ငါကိုဘယ်ခေါ်လာတာလည်း

"ရန်တိုင်းပြည်ကိုပါ ကျွန်တော့ကမင်းသားလေးကိုစောင့်ရှောက်ဖို့ မင်းသားရန်ခေါ်လာတာပါ

"ငါမနေချင်ဘူး ယို့ယီငါ့ကိုခေါ်ထုတ်သွားပေးပါနော်

"တောင်းပန်ပါတယ် ကျွန်တော်အခုလုပ်နေတာ မင်းသားလေးအတွက်ပါ ကျွန်တော်အခုရေချို့ဆောင်ကိုခေါ်ဆောင်သွားပါ့မယ်

"မလိုက်ဘူး ဖယ် မင်းလက်ကိုဖယ် ငါ့ကိုမထိနဲ့

"မင်းသားလေ တောင်းပန်ပါတယ် လာကြစမ်းမင်းသားလေးကိုရေချိုးဆောင်ခေါ်သွားကြ

Light Season (1)Tempat cerita menjadi hidup. Temukan sekarang