ဒီနေ့က ဝူချီလန် နဲ့ ရန်ကျောက်ရိနဲ့လက်ထပ်ဖို့ ၁လအလိုပါ
ထုံးတမ်းအစဉ်အလာအတိုင်း ၂ယောက်စလုံးဟာ မင်္ဂလာမဆောင်ခင်အထိ တွေ့ခွင့်မရှိကြပေ
ဝူချီလန်ဟာ နန်းတွင်းကြင်ယာတော်များမှတ်သားသင့်တဲ့အချက်များကို ကြိုးစားပြီးလိုက်နာသင်ယူနေလေတယ်
လောကကြီးဟာ အရမ်းကိုကြောက်ဖို့ကောင်းတယ်
ဘယ်အရာမှမတည်မြဲဘူး လူတစ်ယောက်ဟာ မွေးဖွားလာပြီဆိုတာနဲ့ သေဖို့ကံကကြိုပါလာပြီးသားပါ
မသေခင်လေးမှာပဲ ပြောင်းလည်းနေတဲ့ ကံတရားဟာ သူတို့၂ယောက်ကိုခွဲဖို့ဖြစ်လာခဲ့တယ်
အဲ့နေ့ဟာ မင်္ဂလာမဆောင် ခင် ၁ပတ်မှာစတင်ဖြစ်ပွားခဲ့တယ် .........
ဒီနေ့ဟာ မင်္ဂလာဝတ်စုံကိုစမ်းဝတ်ကြည့်နေကြတယ်လေ
ရန်မင်းသားက သူနဲ့မတွေ့တာကြာပြီဖြစ်တဲ့ ကောင်လေးနဲ့တွေ့ဖို့ ၁ပတ်ပဲကျန်တာကြောင့်
အရမ်းကိုပျော်ရွှင်နေလေတယ်
ပြုံးနေတဲ့ မျက်နှာဟာ တကယ်ကိုလူကိုသေလောက်ပေတယ်
ဝူချီလန်ကတော့ သူ့ဝူတိုင်းပြည်ကလူတွေစနောက်လို မျက်နှာကြီးက ခရမ်းသီးအနီလို ဖြစ်နေပြီလေ
"ဟာမင်းတို့ကွာ
"အယ် မင်းသားလေးကလည်း ရှက်နေပြန်ပြီ ကျွန်တော်တို့ပြောတာမဟုတ်လို့လား
"အင်းလေ မင်းသားနဲ့ မင်းသားရန်သာလက်ထပ်ပြီးရင် နောက်တစ်နေ့လမ်းမလျောက်နိုင်မှာမဆိုးနဲ့ ကျွန်တော်တို့လာတွဲပေးမယ်
"ဟာ မင်းတို့တွေပြောလေဆိုးလို
"မင်းတို့တွေ မင်းသားဝူကိုဘာတွေစနေတာလည်း
"အကိုယို့ယီ ဒီမှာလေ မင်းသားဝူက အိပ်ယာထဲကကိစ္စပြောပြတာကိုရှက်နေတယ်
ကြားလိုက်ရတဲ့ ယို့ယီပင်မျက်နှာပူကာ
"မင်းတို့ကလည်း မင်းသားကိုစိတ်လှုပ်ရှားအောင်လုပ်ပြန်ပြီ
"အကိုယို့ယီကလည်း ကျွန်တော်တို့မှာကျန်တာဆိုလို့ ဒီမင်းသားလေးပဲရှိတော့တာကို
CITEȘTI
Light Season (1)
Ficțiune istoricăLight Season 1 ချောမောခန့်ညားတဲ့ ရန်ကျောက်ရိ နဲ့ တိုင်းတပါးရဲ့ မိန်းကလေး တမျှချောလှပြီး ရတနာတပါးဖြစ်တဲ့ ၀ူချီလင်းတို့တွေ့ဆုံ မိတော့ ... Light Season 1 (Unicode) ချောမောခန့်ညားတဲ့ ရန်ကျောက်ရိ နဲ့ တိုင်းတပါးရဲ့ မိန်းကလေး တမျှချောလှပြီး ရတနာတပါးဖြစ်တဲ...