Zawgyi
"Chanyeol..ရေ...
ဧည့်သည်..ရောက်နေတယ်..""ဗျာ..! ကျွန်တော့်..ဧည့်သည်လား.."
"ဟုတ်တယ်..မင်းထိုင်ခုံမှာ..စောင့်နေတယ်..."
နေ့လည်ထမင်းစားအပြီး..ခဏတစ်ဖြုတ်..
tiolet ၀င်ကာ..ပြန်ထွက်လာတော့..
စီနီယာ..အစ်မတစ်ယောက်ရဲ့..
သတင်းပေးစကားကြောင့်...
ခပ်မြန်မြန်ပဲ...ရုံးခန်းထဲ...ပြန်ဝင်လာခဲ့
မိသည်...။ကျွန်တော့်အလုပ်ဆီ...ဘယ်သူမှ..မလာဖူး..။
ယုတ်စွအဆုံး..ဇာတ်လမ်းတွဲတွေထဲက..လို..
မြို့မှာ..အလုပ်လုပ်နေတဲ့..သူသားလေးဆီ..
ရွာကနေ...ဟင်းထုပ်တွေနဲ့...လာတွေ့တဲ့..
ဇာတ်လိုက်မင်းသားရဲ့...အမေလိုတောင်..
ကျွန်တော့်အမေ..လိုက်မလာဖူး..။Sehun ..တို့ဆို..ရောက်လာဖို့ဝေးစွ..။
ဒီ အချိန်..သူလဲ..သူ့အလုပ်နဲ့သူ...
တစ်နေရာရာ.. ယားရင်တောင်..ကုတ်ဖို့..အားလောက်မှာ..
မဟုတ်..။ထို့ကြောင့်..အလုပ်ဝင်သည့်..သုံးနှစ်တာကာလ
ပတ်လုံး..ပထမဆုံး..ရောက်လာခဲ့သည့်..
ဧည့်သည်..ဘယ်သူလဲဆိုတာ...
ကျွန်တော်...
သည်းသည်းထန်ထန်..စိတ်ဝင်စားနေမိတာကို..
လွန်တယ်လို့တော့..မထင်လိုက်ကြပါနဲ့...။"အယ်..! Baekhyun..?
ဘယ်လိုရောက်လာတာလဲ..."လွန်ခဲ့သော..သောကြာနေ့ညနေခင်း..တုန်းက
သူ့ကော်ဖီဆိုင်လေးရှိရာ..အလည်ခေါ်ယူခဲ့
သော..ကောင်လေး...သည်..အခု...ကျွန်တော့်ရုံးက..ကျွန်တော်..
အလုပ်လုပ်ရာ..နေရာမှာ..ကုပ်ကုပ်ကလေး..
ထိုင်နေတာ..မြင်လိုက်ရတော့...
နည်းနည်း..အံ့သြမိသွားသည်...။လက်ထဲမှာလဲ...ကော်ဖီဘူးတစ်ဘူးနဲ့...။
ကျွန်တော့်မျက်လုံးတွေ..အမြင်ကောင်း
တယ်..ဆိုရင်...
အဲ့တာ..Ice coffee ခွက်ဆိုတာ...
ကျွန်တော်..ရဲရဲကြီး..အာမခံ..နိုင်ပါသည်..။"ကျွန်တော်...ဒီ အပတ်ကစပြီး..သင်တန်း
ချိန်..ပြောင်းသွားပြီလေ..""အင်း..မနေ့က..Baekhyun...ပြောပြတယ်
လေ..."မနေ့ညက...ပထမဆုံးအကြိမ်..ဖုန်းပြောဆိုခြင်း
မှာ...
သူ့သင်တန်းက...နေ့လည်...အတန်းချိန်သို့..
ပြောင်းလဲသွားပြီမို့လို့..
ကျွန်တော်နဲ့တူတူ..ဘတ်စ်ကား..
မစီးနိုင်တော့ကြောင်းကို...
ပြောပြခဲ့သည်...။
ESTÁS LEYENDO
ChanBaek Book 1 [ One Shots And Mini Stories ]
Fanficမြတ်နိုးမိသော ချစ်ခြင်းတစ်စုံ ❤❤