"ဖေဖေ Minnieကိုလေ ကစားကွင်းလိုက်ပို့ပေးပါလားဟင်..."စာကြည့်ခန်းထဲက စားပွဲပေါ်တွင် စိတ်နှင့်လူ မကပ်သလို တွေတွေကြီးထိုင်ရင်း ရှေ့က အမဲရောင် screenသာ ရှိသော computer အား ဦးတည်ချက်မရှိ စိုက်ကြည့်နေသော သူအား မော့ကြည့်ကာ ထို့လူ့ အင်္ကျီစလေးကို ဆွဲပြီး ဂျီကျနေရှာသော 10နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး တစ်ယောက်.....
"ဖေဖေ နော်လို့ minnie ကို လိုက်ပို့ပေးပါနော်....."
ကလေး၏ တည်ရှိမှု့ကိုပင် သတိမထားနိုင်အောင် သူ့အတွေးထဲ စိုးမိုးနေသည်က ဓာတ်ခွဲခန်းထဲမှ မကောင်းဆိုးဝါးထံတွင်ပင်.....
"ဖေဖေ...အဟင့်..ဖေဖေလို့ "
အင်္ကျီလက်အား အတင်းဆွဲခါမှု့ကြောင့် အတွေးတို့ လွင့်ပျယ်သွားစဉ် နားထဲ ဝင်လာသော ရှိုက်သံသဲ့သဲ့လေးက သူ့နှလုံးသားတွေ အစိတ်စိတ်ကွဲကျေသွားစေရန် မရည်ရွယ်သော်လည်း သူ့အတွက်တော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံရသလိုပင်....
အတွေးတို့အား ချက်ချင်းသိမ်းကာ သူ့ဘေးနားရှိ ရင်နင့်သည်းချာလေးအား ငုံ့ကြည့်မိတော့ ချစ်သမီးလေးရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်တွင် မျက်ရည်စတို့မှာ တွဲခိုလျက် အောက်နှုတ်ခမ်းဖူးဖူးလေးမှာလဲ ရှေ့သို့ မဆိုသလောက်လေးပင် စူထွက်နေသေးသည်...
ကလေးငယ်လေးအား မထိမရက်ကိုင်ရက်၍ ဂွမ်းနှင့်ထုတ်ထားရသော နှင်းပွင့်လေးလို ချီမလိုက်ကာ သူ့ပေါင်ပေါ် တင်ထားလိုက်ပြီး ချစ်သမီးလေးရဲ့ နီရဲရဲ ပါးဖောင်းဖောင်းလေးပေါ်မှ မျက်ရည်တွေအား သူ့လက်နှင့် ဖွဖွလေး သုတ်ပေးလိုက်သည်။ တကယ်ကိုပင် ထိသည်ဆိုရုံမျှ သာသာလေးပင်။ ရင်တွေ ကွဲမတက်ချစ်ရပါသော ဒီသမီးလေး သူ့ကြောင့်သာ နာကျင်သွားရင် သူရူးသွားနိုင်သည်....
" aigoo~~ဖေဖေ့piggyလေး ဘာလို့ ငိုနေတာလဲ ဟင်? ဘာလိုချင်လို့လဲ ဖေဖေ ဘာဝယ်ပေးရမလဲ...."