Scrolling down for unicode ♥
လက်ရေးလှလှလေးနဲ့ ကဗျာဆန်ဆန်ရေးထားတဲ့ စာရွက်ကိုဖတ်မိရင်း တစ်ခါပြုံးလိုက်မိပြန်ပြီ။ ရှေ့မှာတော့ ကိုယ့်ကိုခိုးကြည့်ရင်း ရှက်နေတဲ့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်။
''မင်း ဘယ်လောက်ပေးခဲ့ရလဲ ''
''ဟင် ''
မျက်လုံးကို ပင့်ကြည့်လာရင်း အူကြောင်ကြောင်ကြည့်နေသည့် ကောင်မလေးကို နောက်တစ်ခါထပ်ပြီး သေသေချာချာ မေးလိုက်ရပြန်သည်။
''ဒီစာရေးပေးတဲ့သူကို မင်းဘယ်လောက်ပေးခဲ့ရလဲလို့ ''
''အဲ...ဟို ဘယ်လိုသိ ''
''သူလက်ရေးနဲ့ စာတွေ ကိုယ့်ဆီမှာ...တော်တော်များများရှိနေတယ်လေ''
___________[My1stAndLast]___________
''အာ...ဒီလူကြီးတော်တော်ကိုစွံနေပါ့လား စိတ်တိုလိုက်တာ...''
သူ့ဘာသာနေနေသည့် စာအုပ်တွေကို ဆောင့်ချပြီး အိပ်ရာပေါ်ပစ်လှဲရင်း ခေါင်းထဲရောက်လာတဲ့ သူ့အကြောင်းကိုတွေးမိတော့ နှုတ်ခမ်းတို့ကသိသာစွာ ကွေးညွှတ်သွားသည်။
သူ့အကြောင်းစဉ်းစားမိတိုင်း တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘက်ကိုဖိကိုင်ရင်း သူ့အတွက်ရေးထားတဲ့ စာတွေကိုဘယ်တော့မှ ကိုယ်တိုင်ပေးခွင့်ရမလဲတွေးမိတော့ အရာအားလုံးက တိတ်ဆိတ်သွားသလို...။
ပြီးခဲ့တဲ့နှစ် နွေရာသီက ကိုကိုနဲ့အတူပါလာထဲက သဘောကျနေခဲ့ရတဲ့ သူက လုံးဝပြီးပြည့်စုံတဲ့သူဖြစ်ပြီးတော့ မိန်းကလေးတွေကြားလည်း ရေပန်းစားတဲ့သူ။
သူ့ရဲ့ မျက်ခုံး မျက်လုံး အရာအားလုံးက နှိုင်းပြလို့မရအောင်လှပပြီး ပန်းချီကားတစ်ချပ်လိုပင်လှလွန်းသည်။
ရှေ့ကမှန်ထဲကို ကြည့်လိုက်တော့ မျက်မှန်ခပ်ထူထူတပ်ထားပြီး စာဂျပိုးရုပ်နဲ့ ဆံပင်စုတ်ဖွားဖွားကောင်လေးရုပ်က လှောင်သလိုကြည့်နေသည်။