ရာသီဥတုက မပူမအေး နေလို့ကောင်းသောအခြေအနေတွင် ရှိနေသော်လည်း တစ်စုံတစ်ဦး၏ရင်ထဲတွင်တော့ မီးတောက်မုန်တိုင်းတို့က လှိုင်းဂယက်ထနေသည်။
တခြားသူတော့မဟုတ်။ နီယွန်ကျောင်းတော်ကြီး၏ အဆင့်တစ်ပိုင်ရှင်လေး၊ တစ်နည်း မွေးထဲက ထိပ်ဆုံးမှာပဲနေရဖို့ မွေးဖွားလာသည်ဟု အားတိုင်းကြွေးကြော်နေသော အမောင်ပတ်ခ်ဂျီဆောင်းပင် ဖြစ်သည်။
ချစ်လှစွာသော အကိုကြီးဖြစ်သူ မွန်းထယ်အီလ့်ခမျာမှာတော့ ရှေ့မှာမီးတောက်တဲ့မျက်လုံးတွေနဲ့ ထိုင်နေတဲ့ ညီကလေးငယ်ငယ် ဘာဖြစ်နေသလဲစဉ်းစားမရတာကြောင့် ရှိရင်းစွဲအရပ်ပါ ပိုပုသွားသလိုထင်နေရသည်။
ညီငယ်တစ်ယောက် ဝုန်းဒိုင်းကြဲတတ်သည်မှာ ချစ်စရာကောင်းသော အကျင့်လေးဖြစ်သော်လည်း ယခုကဲ့သို့ တိတ်ဆိတ်ပြီး ဒေါသထွက်နေတာမျိုးမရှိဖူးခဲ့။
သားသား အဆင့်တစ်မရလို့...များလား။
ဂျပန်ဆရာ ယုတစံသာ ငါ့စစ်ချန်လေးကို မကြိုက်တော့တာမျိုးဖြစ်နိုင်သေးတယ်။ ဒါကတော့ လုံးဝမဖြစ်နိုင်။ ပတ်ခ်ဂျီဆောင်းဆိုတာ ရူးနေရင်တောင်အဆင့်တစ် ဖြစ်နေမှာ။
ကောင်မလေးများ အငြင်းခံရလို့လား...။
ဒါကပိုဆိုးသွားပြီ။ ကျောင်းသားခေါင်းဆောင် အီထယ်ယုံး ရည်းစားရသွားတာကမှ ဖြစ်နိုင်ဦးမယ်။
မျိုးနဲ့ရိုးနဲ့ ခန့်ညားလှတဲ့ ကိုယ်တို့တွေဟာ သောက်ချဉ်တော့မဟုတ်။ (ငှဲ့ ငှဲ့)
ကိုယ့်အတွေးကို သဘောတကျနဲ့ ပြုံးတော်မူနေတုန်း မီးတောက်မျက်ဝန်းနဲ့ ညီတော်မောင်က အကြည့်စူးစူးကို တစ်ချက်လွှတ်ပို့သည်။
''ကျုံး...ချင့်...လန့်!! ''
''အမ် ဘာကြီး !''
လက်သီးသေးသေးလေးတွေ တင်းတင်းကျက်ကျပ်စုပ်ရင်း အံကြိတ်ပြီး ခပ်တိုးတိုးရွတ်လျှက် နေရာမှထသွားသော ဂျီဆောင်းကိုတစ်ချက်ကြည့်ရင်း တွေးမိသည်။