အင်ချွန်းလေဆိပ်။
ရာသီဥတုကအမိမြေ မီယမ်မာနှင့်ခြားနားစွာပင်။ လေဆိပ်မှာခြေချလိုက်ထဲက တုန်တက်သွားအောင် ချမ်းစိမ့်နေမှုက တိုးဝင်လာပေမဲ့ မမှုစွာပဲ အံကိုခပ်တင်းတင်းကြိတ်ပြီး အချမ်းဒဏ်ကိုအံတုကာ စောင့်ကြိုနေတဲ့သူရှိရာသို့...။
'မီယမ်မာမြက်မြက်' စာလုံးစိမ်းစိမ်းကြီးတွေနဲ့ ထင်းနေအောင်ရေးထားတဲ့ နာမည်ကဒ်လေးကိုင်ပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ ကောင်လေးကိုမြင်လိုက်ရမှ မြက်မြက်မသိမသာ သက်ပြင်းခိုးချမိသည်။
စိတ်ထဲမှလည်း 'ဟဲ့ မန်နေဂျာကြီးကတကယ်ချောတာပဲ သူ့မိန်းမလက်ထဲကတောင် စနိုက်ကျော်ချင်လာတယ်' လို့ တွေးရင်း မျက်မှန်ကိုအသာပင့်ရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ထိုအခါမှ ကိုယ့်ကိုမြင်သွားပုံရသော သူက နားရွက်တက်ချိတ်တော့မတတ်ပြုံးပြရင်း အနားကိုခပ်သုတ်သုတ်ရောက်လာသည်။
''ရောက်လာပြီလား ဒီမှာကပိုအေးမှာပေါ့နော်''
လက်ထဲက အိတ်ကိုဆွဲယူရင်း မီယမ်မာသံမပီမသနဲ့ သူကကြိုးစားပြောပြန်သည်။
မြက်မြက်ကတော့ အသိအမှတ်ပြုတယ်ဆိုရုံခေါင်းသာ ငြိမ့်ပြလိုက်သည်။ သိတယ်မလား မြက်မြက်က အချေလေ။ စောစောစီးစီးမိန်းမယူထားတဲ့ သူ့ကိုပိုမကျေနပ်တာကြောင့် ပိုပိုသာသာလေး ချေပြနေလိုက်သည်။
ကားလေးက တစ်ဖြည်းဖြည်း လေဆိပ်ကထွက်လာတော့ မြက်မြက်လည်း ဘေးကရှူခင်းတွေဆီအကြည့်ပို့ထားလိုက်သည်။ ကားမှန်မှာထင်ဟပ်နေပြန်တဲ့ ကိုယ့်အခွက်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။
သြော် နှစ်တွေတောင်ကြာခဲ့ပြီပဲ...။ မြက်မြက်က အရင်ကလို အသက်ငယ်ငယ်အိုးပါးတွေကိုပဲ ရူးသွပ်နေတော့တဲ့ ပိုတေးတိုးလေး မဟုတ်တော့သလို အမေ့အိတ်ကိုပဲချောင်းနေတတ်တဲ့ ကျောင်းသူလေးလည်းမဟုတ်တော့။