မေ့ ပစ် လိုက် ချင် တယ်.......
ခြောက်ခြောက်ခြားခြားနဲ့ ရေရွတ်ခဲ့ရတဲ့ညတွေအကြောင်းကို အကိုသိရဲ့လား..
အဝေးမှာပျံနေတဲ့ ငှက်ကလေးတွေကို မြင်ရင် ကျတော့ကို သတိရပေးပါလား
အကို့လှောင်အိမ်ထဲက အကိုမလိုချင်တော့တဲ့ငှက်ကလေးက ကျတော်ပါ
အကိုကဆွဲမထားပေမဲ့လို့ ရောက်တဲ့နေရာမှာ ရပ် ကျောချင်းကပ်လျက်က ဝေးနေရတဲ့ ကောင်ပါ
ဘယ်တုန်းကမှ ထွက်မသွားဖို့ မတားဆီးခဲ့တဲ့ အကို့မျက်လုံးတွေရယ်
အနားမှာနေရဖို့ ရေရေရာရာအကြောင်းပြချက်မပေးနိုင်တဲ့ ကျတော်ရယ်....
အကိုဂရုမစိုက်ပေမဲ့ ကျတော်ဂရုစိုက်နေသေးတဲ့ ကျတော့ နှလုံးသားလေးရယ်...
ကြိုးပြတ်သွားတဲ့စွန်ကလေးနဲ့ နေဝင်တော့မဲ့ညနေခင်းရယ်...
နာကျင်ဖို့လုံလောက်လွန်းတဲ့ ဝေးသထက်ဝေးသွားတဲ့ အဲ့ဒီ ကျောပြင်ရယ်...
ကျေးဇူးပြု၍ .....
ကျတော့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးဖြေပေးပါလား.....
'ကျတော် မေ့ ခွင့် ရှိ မ လား ဟင်´
![](https://img.wattpad.com/cover/152438045-288-k467809.jpg)