အချစ်ဆိုတာဘာလဲလို့ ခင်ဗျားတို့ ကျွန်တော့်ကိုမေး.. ။
အဲ့ဒါဆို ကျွန်တော်က သူနဲ့အတူ ဆိုးသွမ်းရခြင်းလို့ ပြန်ဖြေမယ်လေ ။
~~~
နေ့သစ်တစ်ခုရဲ့ သာယာတဲ့ မနက်ခင်းလို့ပဲ ပြောရမလား ။ အရင်နေ့တွေလိုပင် စူးရှတဲ့ နေရောင်ခြည်က ပြတင်းပေါက်က လိုက်ကာကို ဖောက်ထွက်ပြီး အိပ်ရာပေါ်က XuKun ရဲ့ မျက်နှာကို ကျရောက်နေဆဲ ။ မျက်နှာပေါ်မှာ ပူရှိန်းရှိန်းခံစားမှုရလာတာနဲ့ အိပ်ရာထသင့်တဲ့ အချိန်ရောက်ပြီဆိုတာကို XuKun သိပြီးသား ။
" နိုးပြီလား.... Kun.. "
ပုံမှန်အတိုင်း ZiYi က ကော်ဖီနှစ်ခွက်နဲ့ သူ့ရဲ့ဘေးကို ရောက်လို့လာသည် ။ တစ်ခွက်က ZiYi အတွက်ဖြစ်ပြီး ၊ နောက်တစ်ခွက်ကတော့ အခုမှ အိပ်ရာနိုးတဲ့ XuKun အတွက်ဖြစ်သည် ။
မီးခိုးရောင်အားကစားဘောင်းဘီကို ဝတ်ဆင်ထားတဲ့ ZiYi က XuKun လိုမျိုး အပေါ်ကိုယ်ဗလာကျင်းနှင့်ပင် ဖြစ်သည် ။ XuKun နဲ့ယှဉ်ရင်တော့ အနည်းငယ် ညိုပုံပေါ်နေတဲ့ အသားအရည်ပိုင်ရှင် ZiYi ရဲ့ အပေါ်ပိုင်းတွင် ကျစ်လျစ်နေတဲ့ ကြွက်သားအဖုအထစ်တွေက နေရာယူထားလျက်ရှိသည် ။ လက်မောင်းနဲ့လက်ဖျံမှာ နေရာယူထားတဲ့ အမည်းရောင် တက်တူးတွေကလဲ ZiYi နဲ့ တအားလိုက်ဖက်လွန်းသည် ။
" ကော်ဖီ.. "
" ကျေးဇူး... "
ကော်ဖီလို့ ဆိုပြီးတာနဲ့ နဖူးပေါ်ရောက်လာတတ်တဲ့ မနက်ခင်းအနမ်းကို XuKun ငြိမ်သက်စွာ ခံယူလိုက်သည် ။ ဒါဟာ သူတို့နှစ်ယောက်လုံးရဲ့ ပုံမှန်ပြန်ဖြစ်နေကျ မနက်ခင်းနိုးထမှုပင် ဖြစ်သည် ။ နိစ္စဓူဝ ကြုံနေရတဲ့ ကိစ္စဖြစ်ပေမယ့်လည်း XuKun အတွက်တော့ ရိုးသွားတယ်ဆိုတာ မရှိပါလေ ။
ပြီးရင်တော့ ZiYi က အနောက်ကို ပြန်ဝင်သွားပြီး သူလုပ်စရာရှိတာကို ဆက်လုပ်လိမ့်မည် ။
XuKun တို့ရဲ့ အခန်းက သိပ်တော့မကျယ်လှ ။ ဒါပေမယ့်လည်း အရမ်းကြီး ကျဉ်းနေတဲ့ အနေအထားမှာ ရှိနေတာလဲ မဟုတ်ရပါ ။ တိုက်ခန်းတစ်ခုရဲ့ ခေါင်မိုးထပ်မှာ နေကြတာဖြစ်တဲ့အတွက် လုံးချင်းအိမ်တွေလောက် မလွတ်လပ်တာကလွဲ ကျန်တာ အကုန်အဆင်ပြေလှသည် ။
YOU ARE READING
Criminal
FanfictionAll reason aside, I just can't deny. I love that guy. Based on - Britney Spears 《Criminal》