အပိုင်း <၁>

3.9K 125 2
                                    


~°•°~ LOVE Dicitonary ~•°•~

နံနက် 5:30 ဆိုတာနဲ့ နိုးနေတတ်တဲ့အကျင့်က
မေမေ Spa ဖွင့်ထဲက ဆိုပါတော့
မေမေကိုဆိုင် ကူဖွင့်ပေးပြီးတာနဲ့
ထမင်းတွေ ဟင်းတွေပါ တခါထဲ ချက်ရတယ်လေ

စစ်က yuri မှာ seme လို့သာ သတ်မှတ်ထားတာ ...နေထိုင်ပုံက Tomboy လုံးလုံးတော့ မဟုတ်ဘူးရယ်......

မီးခိုးရောင် ပခုံးအောက် ဆံပင်အရှည်က မေမေရဲ့ Spa အစွမ်းပေါ့... မိန်းမဆန်ဆန်ကြီးတော့လဲမဟုတ်ပါဘူး

ပြီးတော့...ဟင်းချက်တယ် ဆိုတာကလဲ ဝါသနာပါတဲ့အပြင် မေမေ့ကိုလဲ ကူညီရာရောက်တာကြောင့်လေ

ဖေဖေဆုံးသွားတဲ့ နောက်ပိုင်း ... အိမ်မှာ ယောက်ျားသားမရှိသည့်အတွက် သမီးဖြစ်တဲ့ စစ်ကပဲ အိမ်ထောင်ဦးစီးလိုပင်...

မေမေက မွေးထဲက ရွှေပေါ်မြတင်ဆိုတော့ အနုအရွလောက်ပဲ လုပ်တတ်တာရယ်...

ချမ်းသာတယ်ဆိုပေမယ့်လဲ အချက်အချာအလုပ်တော့ ရှိရမည်ဆိုပြီး
မေမေက ဘေးခန်းတွဲလေးကို ဝယ်ပြီး
* TAW TAW *ဆိုတဲ့ Beauty Spa လေးတခုဖွင့်ထားခြင်းပင်

** အာ အတွေးများနေတာနဲ့ပဲ ကျောင်းသွားရဦးမယ် **

" မေမေ စစ် ခနနေ ကျောင်းသွားရတော့မှာ ထမင်းဟင်း အကုန်အသင့်နော်မေမေ ထည့်စားရုံပဲသိလား "

အိမ်ဝကနေသာ မေမေကြားလောက် မည့်အသံနဲ့ ကုန်းအော် အသိပေးလိုက်တော့

" အွန်းးး သိပြီး သော်လေး ထမင်းစားပြီး မေမေ့ဘက်ခနလာနော် "

" ဟုတ် ... မေမေ "

လုပ်ဦးမယ် အဲ့အလှတွေမပြင်ခြင်ဘူးဆို ဗြဲ~~~ ငိုခြင်လာပြီ

first year ကနေ sec year နှစ်စလောက်အထိကတော့ ...

သနပ်ခါး ပါးကွက်ကြားနဲ့ သွားနေကြ...

ဒါပေမက်......မေမေ့ spa ဖွင့်ပြီးထဲက အခွက်တွင် ကာလာစုံတင်ပြီးမှ သွားခွင့်ရှိတဲ့အဖြစ် ပြင်ဖို့ မမှီအာင် အချိန်ကပ်မှ ရေချိုးသနပ်ခါးလူးပြီး သွားလဲ မျက်နှာသစ်ပြီး မရမက ပြင်ပေးတဲ့ မေမေ လေ ကြာတော့လဲ စစ် ကပဲအလျော့ပေးရတာပေါ့ အခုလဲ............

Romantic Love DicitonaryWhere stories live. Discover now