Immortal 1

2.8K 166 42
                                    

1793ခုနှစ်​မတ်​လ၉ရက်​​နေ့..

နက္ခတ်ေ​ဗဒင်​ဆရာတစ်​ဦးနှင့်​သူ၏သား​လေးတို့ကြယ်​​တွေကြည့်​​နေခဲ့ကြသည်​..

"အ​ဖေ..ဟိုကြယ်​​လေးကရုတ်​တရက်​လမင်း​ဘေးနားကို​ပြေးကပ်​သွားသလိုပဲ​နော်​..''

"အင်း..ကြယ်​တာရာထွန်း​တောက်​တဲ့နိမိတ်​ပဲ..''

"အ​ဖေ..ဒီဟာဘာသ​ဘောလဲဟင်​..''

ခဏတိတ်​ဆိတ်​ပြီး​နောက်​ပညာရှင်​ကပြုံး​လေသည်​..

"အ​ဖေတို့​လောကမှာထူးခြားတဲ့လူတစ်​​ယောက်​​မွေးဖွားလာတဲ့နိမိတ်​ပဲ..က​လေးရဲ့..''

"ဘယ်​လိုထူးခြားတဲ့လူလဲအ​ဖေ..''

"တဖြည်းဖြည်းနဲ့သိရမှာ​ပေါ့ကွာ..''

ထိုခဏအတွင်းအိမ်​တစ်​အိမ်​မှက​လေးငိုသံတစ်​ခု..

......................Immortal.........................

မနက်​မိုး​သောက်​ချိန်​တွင်​​ဗေဒင်​ပညာရှင်​အိမ်​သို့အမျိုးသမီးတစ်​ဦး​ရောက်​လို့လာသည်​..

"ဆရာရှင့်​..မ​နေ့ညကကျွန်​မသား​ယောက်ျား​လေးတစ်​​ယောက်​​မွေးပါတယ်​..အဲ့တာသူ့အတွက်​နာမည်​နဲ့ဇာတာခွင်​​လေးတွက်​​ပေးပါ​နော်​..''

"ရပါတယ်​..''

ခေတ္တမျှတွက်​ချက်​ပြီး​နောက်​က​လေးငယ်​၏ဇါတာအားပုရပိုက်​​ပေါ်တွင်​ချ​ရေး​ပေးလိုက်​သည်​..

"က​လေးရဲ့နာမည်​ကိုYoongiလို့​ပေးနိုင်​တယ်​..ဇာတာက​တော့..''

"ဘာဖြစ်​လို့လဲဆရာ..''

ဆရာမှဆက်​မ​ပြောသဖြင့်​ပုရပိုက်​​ပေါ်ကစာလုံးများကိုမိခင်​မှလှမ်းဖတ်​လိုက်​သည်​..

ထိုစာများကိုဖတ်​ပြီး​နောက်​အ​မေဖြစ်​သူသည်​သတိရတစ်​ချက်​မရတစ်​ချက်​ဖြစ်​​အောင်​ပင်​လန့့်​သွားခဲ့ရသည်​..

"​သေဆုံးမည့်​​နေ့ရက်​မပါရှိ..''

...........................Immortal.........................

1993ခုနှစ်

"Min Yoongi!မင်းဒီလအတွက်​အိမ်​လခမ​ပေးနိုင်​ရင်​ငါ့အိမ်​​ပေါ်ကဆင်း​တော့..မင်းဟာမင်းဘယ်​​ရောက်​​ရောက်​..​ခွေးပဲဆွဲဆွဲငါသည်းမခံနိုင်​​တော့ဘူး..''

ImmortalWhere stories live. Discover now