Immortal 2

1.2K 140 19
                                    

"ကျွန်​​တော့်​ကိုသူနဲ့တစ်​ခန်းတည်းလုပ်​​ပေးလို့ရမလား"

"​အော်​..မဟုတ်​​တောင်​သူနဲ့ပဲ​နေရမှာပဲ..သူ့အခန်းတစ်​ခန်းပဲလူလွတ်​​တော့တာ.."

"​အော်​..ဟုတ်​ကဲ့..​ကျေးဇူးပဲ​နော်​.."

လွယ်​အိတ်​ကိုပုခုံး​ပေါ်တင်​ပြီးခုနက​ကောင်​​လေးကိုအမှီလိုက်​ရသည်​..

တွေ့ပြီ..စာအုပ်​​တွေပိုက်​ပြီး​လျှောက်​​နေတဲ့​ကောင်​​လေး..

"​ဟေ့..ဒီမှာ.."

သူ့ပုခုံးကိုပုတ်​လိုက်​မိ​တော့လန့်​ပြီး​နောက်​လှည့်​ကြည့်​တဲ့​ကောင်​​လေး..

"ခင်​​ဗျား.."

ရုတ်​တရက်​သတိလစ်​သွားတဲ့အဲ့​ကောင်​​လေး..

Min Yoongiတို့​မြွေကိုက်​ပြီ..

"ဟာ..မင်း..​ဟေ့​ကောင်​..သတိထား​လေ..​ဟေ့​ကောင်​.."

ဘာလုပ်​ရမှန်းမသိဘဲသူ့မျက်​နှာကိုသာပုတ်​​နေမိသည်​..

"Aishh..ဘာမှ​တောင်​မလုပ်​ရ​သေးဘူး..ဘာလို့သတိလစ်​သွားတာလဲ..​မင်း.."

အနားကဖြတ်​သွားတဲ့​ကောင်​မ​လေးတစ်​​ယောက်​ကို​​ကောလိပ်​ထဲက​ဆေးခန်းဘယ်​နားမှာလဲလို့​မေးလိုက်​ရသည်​..

ဟင်း..​စစတက်​ချင်း​နေ့မှာတင်​Min yoongiတို့​ဆေးခန်း​ရောက်​ဖူးပြီ..

"ဒီက​လေးကဘယ်​လိုဖြစ်​လို့သတိလစ်​သွားရတာလဲ.."

ကျောင်း​ဆေးခန်းကnurseအ​မေးစကား​ကြောင့်​သူ့ကိုဘုကြည့်​ကြည့်​မိသည်​..

သိ​နေရင်​ခင်​​ဗျားဆီကို​တောင်​​ခေါ်လာပါ့မလား..

"မသိဘူး​လေ​ဗျာ..သတိလစ်​သွားတာ​တွေ့လို့​ခေါ်လာ​ပေးတာ.."

"​အော်​​အော်​..ဒါနဲ့သူ့ပုံစံကလန့်​သွားတဲ့လက္ခဏာပါပဲ..ခဏ​နေရင်​ပြန်​သတိရလာမှာပါ.."

"ကျွန်​​တော်​သွား​တော့မယ်​.."

"ဟိတ်​..​နေဦး..မင်း​ခေါ်လာတဲ့လူကို​စောင့်​သွား​လေ.."

"ဘယ်​လို?သူ့ကို​စောင့်​ပြီးမှပြန်​ရမှာလား.."

"​အေး​ပေါ့..ခဏ​လေးပဲကြာမှာပါ​စောင့်​​ပေးလိုက်​.."

ImmortalWhere stories live. Discover now