"မင်းသားလေး ရေချိုးပြီးပါပြီလား"
"မင်းသားလေး"
"မင်းသားလေး ကျနော်မျိုးကိုဝင်ခွင့်ပြုပါ"
တစ်ခုခုမှားနေပြီထင်တာကြောင့် ခွင့်တောင်းပြီးဝင်လိုက် တဲ့အခါမှာတော့ အခန်းထဲတွင် လူဆိုလို့တစ်ယောက်တောင်မတွေ့ ဒါဆို မင်းသားလေးရော.... နန်းတော်အပြင်ဘက်ကို ခိုးထွက်ပြန်ပြီလား ?
ဘယ်အချိန်ခေါင်းပြုတ်မလဲဆိုတာကိုပဲတွေးလိုက်မိပြီး
"မင်းသားလေး...." ဟူ၍သာပဲ အထိန်းတော်ကြီး အော်လိုက်နိုင်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဈေးထဲတွင် ပျော်ရွှင်စွာလျှောက်သွားနေသော မင်းသားလေး Sehun ကတော့ သူ့နားကိုသူလက်သန်းဖြင့်ထိုးလိုက်ရင်း"နားယားလိုက်တာ..အထိန်းတော်ကြီးခေါ်သံကြားလိုက်သလိုပဲ...."
ကိုယ်ရံတော်လေးပြောပြောနေတဲ့ ချယ်ရီပင်အောက်ကို ပန်းချီသွားဆွဲမယ်လို့ Sehun စိတ်ကူးနေခဲ့တာကြာပြီ အခုမှပဲသွားရတော့မယ်
Sehunနောက်မှာ လိုက်လာတဲ့ကိုယ်ရံတော်လေးကိုခေါ်လိုက်ကာ
"မောင်မင်းပြောပြောနေတဲ့ ချယ်ရီပင်ဆီကိုယ်တော့်ကိုခေါ်သွားပေး"
"အမိန့်တော်အတိုင်းပါ မင်းသားလေး"
တောင်ကုန်းပေါ်မှာ ပေါက်နေတဲ့ချယ်ရီပင်ဆီရောက်သွားတော့ အံသြသွားတာကတော့ Sehunပင် ... တောင်ပေါ်ကနေလည်း နန်းတော်လှမ်းမြင်နိုင်သေးသည် ... ဒီလောက်လှတဲ့ချယ်ရီပင်ကိုလည်း သူတစ်ခါမှမမြင်ဖူးသေး ... ။
ချယ်ရီတွေက လှပါသည်။ သို့သော် ... ချယ်ရီပင်အောက်မှာ ကနေတဲ့သူက ချယ်ရီတွေထက်ပိုလှသည်။
ထိုကောင်လေးရဲ့ယိမ်းနွဲ့နေတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု့ တိုင်းမှာ သူ့နှလုံးသားပါသွားတာမျိုး ... အရမ်းကိုပြည့်စုံလွန်းတယ် ...