ကျွန်တော့်ဘက်က နားလည်မှု အချိုးအဆတွေ ပိုထည့်ပြီး အချစ်တစ်ခုကို မိုက်မိုက်မဲမဲ ဖန်တီးခဲ့တယ်.....။ အဆုံးသတ်မှာတော့ .......။
****************
" အစ်ကို့ကို စားသာက်ဆိုင်မှာ ကောင်မလေး
တစ်ယောက်နဲ့ ထိုင်နေတာ တွေ့တယ်တဲ့ "Jongin အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးသည့်နောက်မှာ
ထိုမေးခွန်းကို အစ်ကို့အားမေးလိုက်သည်...။" ကောင်မလေးနဲ့ ထိုင်တာ ဘာဖြစ်လဲ ...jongin
အစ်ကိုလဲ လူပဲ အပေါင်းအသင်းရှိတာပေါ့ ...
အပေါင်းအသင်းထဲမှာ ယောကျာ်းလေးရှိနိုင်သလို
မိန်းကလေးလဲရှိနိုင်တယ်လေ .."အစ်ကိုက နဂိုအတိုင်း လေသံအေးအေးဖြင့်ပင် တည်ငြိမ်စွာ
ပြန်ပြောသည်...။Jongin,အစ်ကို မကြားစေရန် သက်ပြင်းကိုသာ ဖွဖွ ချမိသည်...။
မှန်ပါတယ် ...။
တွဲလာတဲ့ သက်တမ်း တစ်လျှောက်လုံး ကျွန်တော့်ဘက်က
တစ်ခုခုဆို ထိလွယ် ခိုက်လွယ် ခံစားလွယ်သလောက်
အစ်ကိုက အရာရာ အေးဆေးလွန်းသည်...။ပြဿနာတစ်ခုခု ဖြစ်လျှင် ကျွန်တော်က သွေးဆူလွယ်ပြီး
ဝုန်းဒိုင်းကျဲသလောက် အစ်ကိုက အေးအေးဆေးဆေးပင်
အရာအားလုံးကို ဖြေရှင်းနိုင်သည်....။အစ်ကို့ အပြုအမူတွေက ငြိမ်သက်သလို အစ်ကို့စိတ်ကလဲ
ငြိမ်းချမ်းလွန်းသည်....။" အိပ်တော့ ...မဟုတ်တာတွေ ခေါင်းထဲ ထည့်မနေနဲ့
မနက်ဖြန် photo shooting ရှိသေးတယ်
မဟုတ်လား "မြောက်များစွာသော ကျွန်တော့်ရဲ့ အလုပ်ကိစ္စတွေကို သူဟာ
အမြဲလိုလို မှတ်မိတတ်သည်အထိ ဉာဏ်ကောင်းပေမယ့်
တစ်ခါတစ်ခါ ကျွန်တော်ဘာလို့ စိတ်ဆိုးနေလဲ ဆိုတာတောင်
မသိပဲ သူ့တပည့်တွေကို စာသင်ရင်း ကျွန်တော့်ကို
မေ့ထားတတ်သည်...။