အစ်ကို....သိလား ... ကျွန်တော် ကြယ်တွေကို ရေတွက်နေမိပြန်တယ်... အစ်ကို ပြောဖူးတဲ့ အဓိပ္ပာယ် မဲ့တယ်ဆိုတဲ့ လုပ်ရပ်ပေါ့...ဒါပေမဲ့ ဒီ့ထက်ပိုပြီး ကျွန်တော် အဓိပ္ပာယ် မရှိနိုင်တော့တာ အစ်ကိုနားလည်တယ်မလား... အစ်ကို သဘောမကျတဲ့ ဆိုဂျူး ကို ကျွန်တော် ဒီတစ်ခါပဲ သောက်မယ်... အစ်ကိုက ဘုရားကျောင်းထဲမှာ သူမနဲ့ ပျော်ဖို့ တွေးနေပါ.... အစ်ကိုနဲ့ ကျွန်တော် အခေါက်ပေါင်းများစွာ လာခဲ့ဖူးတဲ့ cafe ရှိတဲ့ အဆောက်အဦးခေါင်မိုးထပ်မှာ ကျွန်တော်က ဒီအဓိပ္ပါယ်မဲ့တဲ့ အလုပ်ကို လုပ်နေမယ်.... ကြယ်...တစ်ပွင့်...နှစ်ပွင့်...သုံးပွင့်...လေးပွင့်.................
⭐➖➖➖➖⭐➖➖➖➖⭐➖➖➖➖⭐
"ဆယ်ဟွန်း...ဟေ့ကောင် ဆယ်ဟွန်း... ဟာ... အိုဆယ်ဟွန်း!!!"
"အမ်... အာ.. ဘာလဲကွာ"
"မင်း ဈာန်ဝင်နေတယ်လို့တော့ ငါ့ကို မပြောနဲ့နော် အခု ပန်းချီခန်းမှာ မဟုတ်ဘူး.. Canteen မှာ..."
စူပုတ်ပုတ်နှင့် ပြောလာသော ဘတ်ခ်ဟွန်းကြောင့် ကိုယ့်ကိုကိုယ် မလုံစွာ ရယ်မိပါသည်။
" ငါ တကယ် အစ်ကို့ မျက်ဝန်းညိုညိုတွေမှာ ဈာန်ဝင်သွားတာ... " ဟူသော စကားကိုတော့ ပြန်မဆိုဖြစ်တော့ပါ။
ကျွန်တော် သူ့ကို "အစ်ကို" ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်း အကြောင်းကိုလည်း ပြောမပြချင်ပါ။
အခုမှ တွေ့မိသည့် လူတစ်ယောက်ကို စည်းလွတ်ဝါးလွတ် ငေးမိသည်ကပင် ရှက်ဖို့ကောင်းသည်မလား... ကျွန်တော်ကတော့ နာမ်စားတောင် သတ်မှတ်ခေါ်ဝေါ်ခဲ့သည်မို့ ဘယ်လောက်တောင် ဆိုးလိုက်သလဲလေ။
"အတန်းချိန် နီးနေပြီ... မြန်မြန်စား..."
ဟူသော ဘတ်ခ်ဟွန်းအသံ ပြန်ထွက်လာမှ ပန်းကန်ထဲတွင် ထမင်းမလျော့သေးမှန်း သတိထားမိတော့သည်။
ဟူး... ဆံနွယ်ပျော့ပျော့များကို သပ်တင်ခဲ့သော အစ်ကို့ လက်ချောင်းသွယ်သွယ်များ၏ ဆွဲဆောင်အားက ယခုလောက်အထိ ပြင်းစေသည်လားလေ...
★★★★★★★★★★.......★★★★★★★★★★
"မင်္ဂလာပါ... ဆရာကတော့ မင်းတို့ရဲ့ PT ဆရာ အသစ်ဖြစ်ပါတယ်... ဆရာ့နာမည် Kim Jongin ပါ... ဆရာနဲ့ အားကစားတွေ အတူတူလိုက်လုပ်ကြဖို့ မျှော်လင့်ပါတယ်..."