UWMA 3

836 151 29
                                    

LA Concert ကိစ္စ ဟာ အရမ်းကို ဟိုး​လေးတ​ကျော်​​ကျော်​ ဖြစ်​သွား​ပေမယ့်​ ​နောက်​ဆုံးမှာ​တော့ လာမယ့်​ Comeback အတွက်​ spoilerဆိုတဲ့ ​ခေါင်းစဉ်​​အောက်​က ​ဖြေရှင်းချက်​​တွေနဲ့ ပြန်​လည်​ငြိမ်​သက်​သွားခဲ့သည်​။...

လေယာဉ်​​ပေါ်မှာ လာ​ပေးတဲ့ သတင်းစာကိုဖတ်​ရင်း နာကျည်းစွာပြုံးလိုက်​မိသည်​။ ဒီသတင်း​တွေ Hyungမြင်​ရင်​ အထင်​လွဲ​တော့မှာပဲ။ ဒါမှမဟုတ်​​ပေါက်​ကရ​တွေ ​လျှောက်​လုပ်​​နေတယ်​ဆိုပြီး ​မျက်​​မှောင်​ကြုတ်​ကာ ဆူ​လေမလားပဲ...

Airport​ရောက်​​တော့ မီဒီယာ​တွေက ခါတိုင်းထက်​ပင်​ ပိုများ​နေသည်​။ စိတ်​ရှုပ်​​ထွေး​နေပြီမို့ ကားဆီကိုသာ အမြန်​​ပြေးခဲ့လိုက်​ရသည်​။...

Jimin- Jin Hyung ကျ​နော်​ ကုမ္ပဏီ ကို မသွားချင်​​သေးဘူး..

Jin- မသွားလို့မရဘူး​လေ CEO က မင်းနဲ့​တွေ့ချင်​​နေတာကို...

Jimin- ​နောက်​​နေ့မှ ​တွေ့လို့မရဘူးလား...

Jimin- Park Jimin...

အော်​သံကို ကြား​တော့ ပြန်​ငြိမ်​လိုက်​ရသည်​။
ဆက်​​ပြောလည်း နိုင်​မှာ မဟုတ်​တာ​ကြောင့်​ ကုမ္ပဏီ သာ သွားခဲ့ရသည်​။ အရမ်းကို နားချင်​​နေ​ပေမယ့်​ ပြသနာရှာထားသည်​ မဟုတ်​လား..

CEOရုံးခန်း​ရှေ့​ရောက်​​တော့ သက်​ပြင်းတစ်​ချက်​ချလိုက်​မိသည်​။ ပြသနာ​တွေ​တော့ စပြီပဲ...

ရုံးခန်းထဲကို ဝင်​သွား​တော့ CEO နဲ့အတူ တက်​သစ်​စ မင်းသမီး Kim Luna..ကို ​တွေ့လိုက်​ရသည်​။ စိတ်​ထဲက ​မသကာင်္သလို ခံစားလိုက်​ရ​ပေမယ့်​ဟန်​​ဆောင်​ပြုံးလိုက်​ရသည်​။

CEO- Welcome Jimin, LA ပွဲ ​အောင်​မြင်​တဲ့အတွက်​ Congratulation, ​နောက်​လ China Concert စီစဉ်​​ပေးမယ်​...

Jimin- Nae, ​ကျေးဇူးတင်​ပါတယ်​..

CEO- Luna နဲ့ ၂​​ယောက်​သိကြတယ်​မလား..

Jimin- Nae မြင်​ဖူးပါတယ်​...

ဘေးနားက မခို့တရို့ ပြုံးပြတဲ့ Luna ကို အားနာနာနဲ့ ​ ပြုံးပြကာ နှုတ်​ဆက်​လိုက်​ရသည်​။

CEO- မင်းရဲ့ သတင်း​တွေကို ငါကြားတယ်​..Jimin.. မင်းဘာဆက်​လုပ်​မှာလဲ

Until We Meet AgainWhere stories live. Discover now