UWMA 4

1K 165 87
                                    

Jimin- မ​တွေ့ချင်​လို့ ပုန်း​နေတာ မဟုတ်​ဘူးလား hyung...

သူဆိုလိုက်​တဲ့ စကားသံ​တွေက ကျ​နော့ရင်​ဘတ်​ ဝဲဘက်​ခြမ်းကို တည့်​တည့်​လာထိသည်​။ မ​တွေ့ချင်​လို့ ပုန်း​နေခဲ့တာ မဟုတ်​ပါဘူး က​လေးရယ်​။ ​တွေ့ချင်​လွန်းလို့ ရူး​တော့မတတ်​ခံစားခဲ့ရတာပါ..
မျက်​နှာ​လေး​တွေ ​ချောင်​ကျသွား​ရော​ပေါ့...
ထမင်း​ရော​ကောင်း​ကောင်း စားရဲ့လား..
နေ​ရော​ကောင်းရဲ့လား..
အရမ်း ပင်​ပန်း​နေပြီလား....
မေးခွန်း ​ပေါင်းများစွာ ရင်​ထဲမှာ ​မေးလိုက်​မိ​ပေမယ့်​...

Yoongi- ကိုယ့်​ကို ဖုန်း​ပေး...

Jimin- ဟင်​..

မင်း​မေးတဲ့ အ​ဖြေကို ကိုယ်​အ​ဖြေနိုင်​ဘူး က​လေးရယ်​။ ​အ​ဖြေတစ်​ခု ရင်​ထဲရှိ​ပေမယ့်​ မင်းမမြင်​​အောင်​ ကိုယ်​ပုန်း​နေတယ်​လို့ပဲ သတ်​မှတ်​လိုက်​ပါ...

ဖုန်း​တောင်းသည့်​ကျ​နော့စကား​ကြောင့်​ နားမလည်​သလို ကြည့်​​နေပြီးမှ ဖုန်း​လေးကို ထုတ်​ကာ ကျ​နော့လက်​ထဲ ထည့်​​ပေး​လေသည်​။....

ဖုန်း Contact ထဲက Jin Hyung ရဲ့ ဖုန်းနံပါတ်​ကို ရှာကာ.. ​ခေါ်လိုက်​မိသည်​။
ဖုန်းကိုင်​ထားတဲ့ ကျ​နော့လက်​ကို လာကိုင်​ကာ...

Jimin- Jin Hyungကို ​ခေါ်​နေတာလား..

ကျ​နော်​ ​ခေါင်းညိတ်​ပြလိုက်​ပြီး သူ့မျက်​ဝန်း​တွေကို ​ရှောင်​​နေလိုက်​သည်​။
သိပ်​လှတဲ့ သူ့မျက်​ဝန်း​တွေနဲ့ ဆုံရင်​ ကျ​နော်​ ရက်​စက်​ဖို့ မစွမ်းနိုင်​​လောက်​ဘူး​လေ...

သိပ်​​တွေ့ချင်​​နေတဲ့သူ သိပ်​လွမ်း​နေရတဲ့ သူ​တစ်​​ယောက်​ကို ကိုယ့်​​ရှေ့မှာ​ရောက်​​နေပါလျက်​ ​ပွေ့ဖက်​ခွင့်​မရတာ ရင်​နာဖို့​ကောင်းလှသည်​။

ကျ​နော့လက်​ကို ကိုင်​ထားတဲ့လက်​​လေး ပြန်​ချသွား​တော့ ​အောင့်​သက်​သက်​ခံစားလိုက်​ရသည်​။

Yoongi- Hello Jin hyung...

Jin- အမ်​ Yoongi?..မင်းဘယ်​လိုလုပ်​...

အံ့သြ သွားမှာ ​သေချာ​ပေမယ့်​ ကျ​နော်​ ရှင်းပြဖို့လည်း အချိန်​မရဘူးမို့..

Until We Meet AgainWhere stories live. Discover now