Now we are in love

62 2 2
                                    

အိပ်ရာထဲမှာ လူးလှိမ့်နေတဲ့ ကောင်မလေး တစ်ယောက် ဒီညကတော့ အရင်ညတွေလို မျက်ရည်တွေ အလွမ်းတွေ အတွေးတွေ နဲ့ မဟုတ်ပဲ အပျော်တွေနဲ့ ပေါ့.... သူမ ၂နှစ်လောက် တစ်ဖက်သတ်ပဲ ချစ်ခဲ့ရတဲ့ ကောင်လေး က သူမကို ချစ်ပါတယ် လို့ ပြောသွားခဲ့တာ ဘယ်သူက မပျော်ပဲနေပါ့မလဲနော်.... သူမ စိတ်ပင်ပန်းခဲ့ရတာတွေ သူမ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရတာတွေ အကုန် ပင်ပန်းရကျိုး နပ်တယ်ပဲ ဆိုရမလား..ခုတော့ အပျော်တွေနဲ့ပေါ့... အဲ့အချိန် ဖုန်းလေးက တစ်ချက် မြည်ပြီး လင်းလာလို့ Sooတစ်ယောက် ယူ ကြည့်လိုက်တယ်...Kim Kai ဆိုတဲ့ Contactလေးဆီက Message လေးတစ်စောင်... "အိပ်တော့နော် Soo အရမ်းချစ်တယ် " တဲ့
----
တစ်ဖက်မှာလည်း ကောင်လေးတစ်ယောက် Phone လေးကိုင်ပြီး ကြည်နူးနေခဲ့တယ်.. သူပြန်တွေးနေမိတယ်... မြို့ကနေ ကျောင်းပြောင်းလာခဲ့တဲ့ ကောင်မလေး တစ်ယောက်.... သူစကားသွားစပြောခဲ့တဲ့ ကောင်မလေးတစ်ယောက် ... ချဉ်းကပ်ဖို့ ကြိုးစားပေမယ့် သူ့ကို တားနေတဲ့ အတွေးတွေ... အခြေအနေမတူညီဘူး အသိုင်းအဝိုင်းမတူဘူးဆိုတာတွေ ရှိနေခဲ့လို့ သူမြိုသိပ်ထားခဲ့တယ်... တစ်နေ့ ဖခင်ဆုံးသွားတဲ့နေ့ ကမ္ဘာပြိုသလို ဝမ်းနည်းနေတဲ့နေ့မှာတော့ သူ သူမကို လိုအပ်နေခဲ့တယ်... ဒါကြောင့်လည်း ဆရာမကို ဆရာမနဲ့ တစ်ရက်လောက်လိုက်နေပါရစေ တောင်းဆိုပြီ သူမ ရှိတဲ့ စာသင်ဝိုင်းမှာ အဲ့ဒီနေ့တစ်နေ့လေးပဲ ဖြစ်ဖြစ် တူတူရှိနိုင်ဖို့ ကြိုးစားခဲ့တယ်... သူအဲ့ဒီနေ့ ခိုးခိုးကြည့်ခဲ့တယ်... သူမကို စကားစကြည့်ဖို့ မုန့်အခွံလေးကို ပစ်ခိုင်းခဲ့တယ်..... သူမ ငြင်းဆန်ခဲ့လို့ သူစိတ်ထိခိုက်သွားခဲ့ရသေးတယ်... ကျောင်းFunfair နေ့လည်း သူသူမနဲ့တူတူ Peter နဲ့ Wendy ဖြစ်ချင်ခဲ့တယ်... သူမကတော့ အထင်လွဲနေမလား သူနဲ့ Krystal နဲ့က သူငယ်ချင်းထက်လုံးဝမပိုတဲ့ ငယ်ပေါင်းကြီးဖော်တွေ သက်သက်ပါ ..... ဒီလိုနဲ့ တစ်ရက် အိမ်ပြန် လမ်းမှာ သူမကို လှမ်းအတွေ့ သတ္တိမွေး လှမ်းခေါ်ကြည့်လိုက်တယ်... သိလိုက်ရတာက သူမ ကျောင်းပြောင်းတော့မယ်ဆိုတာပဲ... ရင်တွေ အစိတ်စိတ်ကြေမွ သွားသလိုပဲ... သူဒီကောင်မလေးနဲ့ ခွဲရမယ်ဆိုတဲ့ အဖြစ်ကိုတော့ လုံးဝ လက်မခံနိုင်တော့ပါဘူး... သူတစ်ဆင့်တိုးပြီး သူမ ဖုန်းနံပါတ်တောင်းခဲ့တယ်..... ဆက်ဖို့လည်း တော်တော် အားမွေးခဲ့ရတယ် ဆက်ဆက်ချင်း သူမ အသံချိုချိုလေးနဲ့ ထူးမှ သူစိတ်အေးခဲ့ရတယ် သူတို့ ဖုန်းတွေပြောဖြစ်ခဲ့တယ်. သူကိုယ့်စိတ်ကိုယ် ပိုသေချာလာခဲ့တယ် ..ဖွင့်ပြောဖို့ ကြိုးစားခဲ့တယ်... 
နောက်ဆုံး ချစ်သူ အဖြစ် တရားဝင် ချစ်ပါတယ်လို့ ပြောခွင့်ရှိသူတွေ အဖြစ်ရောက်သွားခဲ့ပါပြီ....

လောကမှာ တစ်ခါတစ်ရံ အတွေးတွေများလွန်းရင်လည်း လက်မလွတ်ရမယ့်အရာ.... လက်မလွတ်ရမယ့်သူတွေနဲ့ လွဲချော်သွားတတ်တာတွေ ရှိတတ်တာမို့.. အချစ်ကို အချစ်လို့ မြန်မြန် နားလည်ဖို့လည်း ကြိုးစားဖို့လိုတယ်ဆိုတဲ့ အတွေးလေး ချန်ခဲ့ရင်း နှုတ်ဆက်ခဲ့ပါတယ်....

2015 ခုနှစ် ၁၀တန်း ပြီးခါစကနေ ရေးခဲ့ပြီး အမှားတွေ လိုအပ်မှုတွေရှိတဲ့ အရေးအသားနဲ့ အချိန်တွေ ဆွဲ , ခု Third Year ပြီးခါနီးမှ အဆုံးသတ်ဖြစ်ခဲ့ပါတယ်... ခုလို ဖတ်ပေးခဲ့တာကိုလည်း ကျေးဇူးတင်လျက် Coral❣

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 05, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

That thing called "C.R.U.S.H"Donde viven las historias. Descúbrelo ahora