"Jungkook မင်းကလည်း နောက်ကျလိုက်တာကွာ"
အမောတကောရောက်လာတဲ့ Jungkookကို ကြည့်ရင်း
ရှုံ့ကာမဲ့ကာ Hoseok ဆိုသည်"Sorryပါကွာ ငါမနိုးလို့ပါ" Yoongi ဘေးနားရှိခုံအလွတ်မှာဝင်ထိုင်ရင်းဖြေလိုက်တဲ့သူ
"Hyung တို့ ဘာသောက်မလဲ?"
"Expresso 3ခွက်သာဖျော်ခဲ့"Yoongiရဲ့ တုန့်ပြန်မှု
"ဒါနဲ့ Taehyung မင်းပိုချောလာတယ်သိလား?"
"Yah Yah..Jungkook မင်းကို ဟိုမှာYoongi ဝါးစားတော့မယ့်အကြည့်နဲ့ကြည့်နေပြီ"
"အေးကွာ ယောက်ဖကလည်း"
နောက်တောက်တောက် ပြောလာတဲ့ Jungkook"Yah Jeon Jungkook!!!"
"Yoongi ရာ အဲ့တာမင်းညီပါကွာ.
ညီမလည်းမဟုတ်ဖူး ပြီးတော့ ငါတို့က ဒီတိုင်းနောက်တဲ့ဟာကို""အေးလေ သူ့ညီကို ငါတို့ကဘာလုပ်မှာကျလို့"
"Yah! မင်းတို့တွေမသိပါဖူးကွာ ဘာပဲဖြစ်ဖြစ် Tae လေး ကိုအဲ့လိုမစနဲ့ ငါမကြိုက်ဖူး"
မိဘတွေမရှိတော့ပဲ တစ်ဦးတည်းသော ညီလေးမို့ ဂရုစိုက်တာသိပေမယ့် ဆက်ဆက်ထိ မခံဖြစ်နေသော Yoongi ကိုကြည့်ကာ Jungkookရော Hoseokပါ စိတ်ပျက်စွာခေါင်းရမ်းမိသည်
------------&-------------
"ဗျာ?!! Appa Eomma ဒါကမဖြစ်နိုင်သေးဖူးလေ သားအသက်လည်း အရမ်းကြီးသေးတာမဟုတ်ပဲနဲ့"
"မကြီးပေမယ့် မငယ်တော့ဖူးလေကွ
Jeon Jungkookရ! ငါတို့ကမင်းအတွက်စိတ်အေးချင်ပြီကွာ"
သူ့အဖေရဲ့ တုန့်ပြန်စကားကို Jungkook စိတ်ပျက်စွာ ခေါင်းရမ်းလိုက်မိသည်"ဒါပေမယ့် အဖေတို့ သဘောတူထားတဲ့ မိန်းကလေးနဲ့တော့ သားလက်မထပ်နိုင်ဖူးဗျာ"
"အဲ့ဒါဆို မင်းမှာကောင်မလေးရှိနေလို့လား"
"ရှိတယ်ဗျာ ရှိတယ်"
"ရှိရင်လည်း အိမ်ခေါ်လာခဲ့"
"ဗျာ? အဲ့တာက"
"ဟုတ်တယ်သားရဲ့ ခေါ်လာခဲ့ပါလား မေမေ တို့ကလည်းအဆင်ပြေရင် မငြင်းပါဖူးကွယ်"
"သူကိုappaတို့ ommaတို့သဘောကျမှာမဟုတ်ဖူး သူက ပြည့်စုံတဲ့ အသိုင်းအဝိုင်းက မဟုတ်ဖူး"

YOU ARE READING
My Bride Boy(Taekook)
Roman d'amourMy Bride has to be a Boy!! Jeon Jungkook Kim Taehyung (Normal)