Chapter - 2

573 37 0
                                    

ခံစားချက်တွေကို သိမ်းဆည်းချင်ခဲ့ပေမဲ့

အဆုံးမှာတော့

သူရှာဖွေတွေ့ရှိခဲ့လေသည်။

___________________________

လှပသော ညလေးတစ်ညကိုဖန်ဆင်းရင်း ပင်ပန်းစွာအိပ်ပျော်သွားတဲ့ကျွန်တော် နိုးလာတော့ ဘေးတွင်တွေ့ရတာက ကျွန်တော့်ချစ်ရသူ သူရယ်လေ အိပ်နေတာတောင်ကြည့်ကောင်းသူရယ်ပါ

"ဟင့်အင်း...ဒါကအရင်ကဖြစ်ခဲ့တဲ့အတိုင်းပဲ''

ရင်ထဲကတင်းကြပ်လာမှုကို အိပ်ရာခင်းကိုဆုပ်ကိုင်ရင်း ဖြေလျော့မိသည် ။

ငါသွားသင့်ပြီထင်ပ။

အိပ်ရာမှအထ နိုးလာသောသူနဲ့ ကြုံလေသော်

"မင်းဘယ်သွားမလို့လဲ?''

"ဘယ်ကမှာလဲ...ငါအိမ်ပြန်မှာပေါ့...အစထဲက ဒီမှာနေဖို့ စီစဉ်ထားတာမှမဟုတ်တာ''

ငါက မင်းမရှိတဲ့ နေရာမှာပဲ နေချင်တာ ၊ မင်းကိုနောက်ထပ် မတွေ့ချင်ခဲ့တာ ၊ ငါမင်းကို ချစ်နေသေးတယ်ဆိုတာ လက်မခံချင်ခဲ့တာ Aragaki

"ငါခွင့်မပြုဘူး''

"ဘာ!!''

"ငါမင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေကို ခွင့်မလွှတ်နိုင်ဘူး''

"တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူ''

"မင်းငါနဲ့လာနေရမယ် ၊ ငါဆုံဖြတ်ပြီးသွားပြီ''

"မင်းဘာတွေလာပြောနေတာလဲ ငါကဘာလိုမင်းနဲ့လာနေရမှာလဲ!!?''

"ဘာလို့ဆို မင်းကငါမျက်နှာလွှဲလိုက်တာနဲ့ ထပ်ပျောက်သွားမှာမို့လို့ မင်းကိုငါ့ဆီမှာ ငါ့မျက်စိရှေ့မှာထားမှာ''

"မင်းရူးနေလား!!!''

ပေါက်ကွဲထွက်လာသော စိတ်ကိုသာအသာလျှော့ရင်း

"ငါဒီမှာနေရင် မင်းဘယ်မိန်းမကိုမှ ဒီကို ခေါ်လာလို့မရဘူးမလား''

"သူတို့ကိုဒီကိုဘာလို့ခေါ်ရမှာလဲ mediaတွေက စောင့်ကြည့်နေတာကို ငါ့အတွက်က သူတို့နဲ့ပျော်ချင်ရင် တခြားနေရာတွေသွားရုံပဲ ၊

တပ်မက်မိသောအချစ်Where stories live. Discover now