Chapter - 5

369 35 0
                                    

ပြီးဆုံးသွားခဲ့သော relationship တစ်ခုကို

ပြန်ဆက်ဖို့ ဆိုတာ မဖြစ်နိုင်ပေ ။

ဒါဆို ဒီအတိုင်းလေးရော နေနိင်ကြရဲ့လား ။

___________________________________

"အာ့...''

ရင်ဘတ်ကိုဆုပ်ကိုင်လျက်သားပင် သူလဲကျသွားလေသည် ။

"Aragaki!!..''

သူ့နာမည်အား တုန်လှုပ်စွာ ခေါ်မိသော်လည်း လူကရပ်နေရာမှမရွေ့မိ ။
ကိုယ့်ပုခုံးကို ဆုပ်ကိုင်လာမှ အသိဝင်လာလေသည် ။ ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်မိတော့ ဆေးရုံခန်းရှေ့က ခုံတန်းလေးမှာ ၊ ဘယ်လိုရောက်လာလဲကိုမသိ ၊ ကိုယ့်မျက်စိရှေ့မှာ သူခံစားနေရတဲ့ပုံစံက မျက်လုံးထဲကကိုမထွက် ။

"သူ...သူအဆင်ပြေမှာပါနော်''

ဘေးက Koshiba sanကိုသာ အားကိုးတကြီး မေးမိသည် ။

"သူစိတ်အရမ်းလှုပ်ရှားသွားလို့ပါ ။ ဆရာဝန်ကလဲပြောတယ် စိတ်ပူစရာမရှိပါဘူးတဲ့ ၊ သူအဆင်ပြေပါတယ် ။ ''

"ဒါပေမဲ့...''

"သူမင်းပြောတဲ့စကားကြောင့် shockရသွားတာနေမယ်''

"အာ...''

"သူ့ပုံစံကိုကြည့်ရတာ... မင်းကသူ့အပေါ်မှာတော်တော်လွှမ်းမိုးနိုင်တာပဲ
မင်းဘယ်လိုထင်လဲ ? Jinကသူကိုယ်တိုင်တောင် သူ့ခံစားချက်တွေနားမလည်သေးပေမဲ့ပေါ့ ''

"- - - - -''

သူ့ပုံစံမြင်တာတောင် ကိုယ့်မှာမယုံကြည်ရဲသေးသောကြောင့် စကားပြန်မဟမိ ၊ ကိုယ်ခံစားခဲ့ရတာ ကိုယ်ပဲသိတယ်မလား ။

"Kaoru!!...Kaoru မင်း ဘယ်မှာလဲ?''

ကျွန်တော့် နာမည်သာ တကြော်ကြော်ခေါ်လာလေသောသူ ။

"မင်းနိုးလာပြီပဲ''

"Aragaki...မင်းအခုရောက်နေတာဆေးရုံ တိုးတိုးနေ သူများတွေအနှောင့်အယှက်ဖြစ်ကုန်လိမ့်မယ် ''

Koshiba san အနောက်ကထွက်ကာ ကျွန်တော်ပြောလေတော့ စိတ်သက်သာရာရသွားဟန်နှင့် သူ့ပုံစံ ။

"မင်းရှိတယ်လား?''

"- - - -''

"အဲ့ဒီသူနာပြုကလေ သူ့ဘာသာငါ့ကိုလာကပ်တာ ''

တပ်မက်မိသောအချစ်Where stories live. Discover now