အချစ်စစ်တည်နေရာလေး အကြောင်း

1K 24 11
                                    

မင်္ဂလာပါ။
'အချစ်စစ်၏ တည်နေရာ' ဇာတ်လမ်းလေးကို စာအုပ်ဖြစ် ထုတ်ဝေလိုက်ပါပြီ။
အချစ်စစ်၏ တည်နေရာ လို့ပြောရင် ကိုနှင်းထန်နဲ့ မိုးစက်ကို ပြေးမြင်ကြမှာဖြစ်ပါတယ်။

ကိုနှင်းထန်
ကိုနှင်းထန်က ကျွန်တော်ဖန်တီးလိုက်တဲ့ ဇာတ်ကောင်ဖြစ်ပေမယ့် သူ အသက်ဝင်တဲ့အခါ ကျွန်တော်လည်း သူ့ရဲ့ညှို့ငင်မှုကို ခံလိုက်ရပါတယ်။ သူ့ရဲ့အချစ်၊ သူ့ရဲ့ တစိုက်မတ်မတ် ချစ်တတ်မှု၊ သူ့ရဲ့ ခိုင်မာတဲ့စိတ်ထား၊ မိုးစက်ကလွဲရင် ဘယ်မိန်းကလေး၊ ယောကျာ်းလေးကိုမှ ငဲ့စောင်း မကြည့်မှု ဒါတွေက လူလူတိုင်း ကိုယ့်ချစ်သူက ကိုယ့်ကို ဖြစ်စေချင်မယ့်၊ စိတ်ကူးယဉ်ကြတဲ့ ချစ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ကိုနှင်းထန်လို အချစ်ကြီးတဲ့ ချစ်သူတစ်ယောက် ဖြစ်ချင်ပါတယ်ဗျာ။

မိုးစက်
မိုးစက်လေးက အမြဲတမ်း ကျွန်တော့်ကို စိတ်နှလုံးအေးချမ်းအောင် လုပ်နိုင်တယ်။ မိုးစက်ဆိုတဲ့ နာမည်ကြားလိုက်တိုင်း သူ့ရဲ့ ညီမအပေါ် အနွံတာခံမှု၊ တဖက်သားကို မထိခိုက်အောင် အနစ်နာခံပေးမှု၊ ပြီးတော့ ကိုနှင်းထန်နဲ့ ဘယ်လောက် အထင်မြင်လွဲပါစေ .. ကိုနှင်းထန်အပေါ် ထားတဲ့ အချစ်၊ စေတနာ နည်းနည်းမှ မလျော့ပါးပဲ ချစ်တတ်မှု... ဒါလေးတွေက ဘယ်လောက်တောင် ချစ်ဖို့ကောင်းတယ်ဆိုတာ ကျွန်တော် မပြောပြတတ်အောင်ပါပဲ။

နှင်းထန်နဲ့ မိုးစက်တို့က ကျွန်တော် မွေးထုတ်လိုက်တဲ့ ဇာတ်ကောင်ပေမယ့် အခု သူတို့ အသက်ဝင်နေပါပြီ။ ဒီဇာတ်လမ်းကို ရေးသားတဲ့အချိန်မှာ သူတို့ခံစားသလို ကျွန်တော် လိုက်ပြီး ခံစားရတယ်။ သူတို့ပျော်သလို ကျွန်တော်လိုက်ပြီး ပျော်ခဲ့တယ်။ သူတို့ မျက်ရည်ကျသလို ကျွန်တော် မျက်ရည်ကျခဲ့ရတယ်။ ကျွန်တော့်ရင်ကို အရမ်းထိအောင် လုပ်နိုင်တဲ့ ကိုနှင်းထန်နဲ့ မိုးစက်ကို အခု စာဖတ်သူတွေရဲ့ လက်ထဲကို ပို့ဆောင်လိုက်ပါပြီ။

ဒီဇာတ်လမ်းကြောင့် ကျွန်တော့် တကယ်ချစ်ရတဲ့ သူကို ဆုံတွေ့ရတာဖြစ်လို့ ကျွန်တော့် အတွက်လည်း အရမ်းကို အဓိပ္ပါယ်ရှိသလို ကိုနှင်းထန် ဆိုတာ သူ့အတွက် အင်မတန် အရေးကြီးတဲ့ သူ တစ်ယောက်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ လူတယောက်ကို တကယ်ချစ်ရင် ကိုယ့်ချစ်သူ ချစ်တဲ့သူကို ကိုယ်က လိုက်ချစ်ပေးနိုင်တယ် ဆိုတာ ပိုနားလည်လာစေနိုင်တဲ့ ဇာတ်လမ်းလေးကို ဖန်တီးခွင့်ရတဲ့ အတွက်၊ ကျွန်​​တော်​တို့ ချစ်​သက်​တမ်းတစ်​နှစ်​ပြည့်​အမှတ်​တရအ​နေနဲ့ ထုတ်ဝေခွင့်ရတဲ့ အတွက် ကျွန်တော် အရမ်းကို ၀မ်းသာမိပါတယ်။

အားပေးတဲ့စာဖတ်သူတွေကြောင့် May King ဆိုတဲ့ ကလောင်တစ်ခု ဖြစ်ပေါ်လာတာပါ။ စာဖတ်သူတွေအားလုံးအတွက် အချစ်စစ်၏ တည်နေရာ ဇာတ်လမ်းလေးရဲ့ Season 1,2,3 သုံးခုကိုပေါင်းပြီး တစ်အုပ်တည်းအဖြစ်ထုတ်ပေးလိုက် ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်က နည်းနည်းတော့ ထူသွားပါတယ်။ စာဖတ်သူတွေကို Season တွေခွဲပြီး သိမ်းရင် ၀န်လေးမှာစိုးလို့ရယ်၊ ဖတ်ရတာ တလက်စတည်း ဖြစ်စေဖို့ရယ် Season ၃ ခုပေါင်းပြီး ထုတ်လိုက်တာဖြစ်ပါတယ်။

- စာအုပ် တန်ဖိုး - 6000 ကျပ်ပါ။

- Mandalay မြို့အတွင်းဆိုရင် အိမ်အရောက် ပို့ခ အခမဲ့ပါ။

- အခြားမြို့များကို Mandalya ကျွဲဆည်ကန် ကားကြီးကွင်းအထိ အခမဲ့ပို့ပေးပြီး သက်​ဆိုင်​ရာကားဂိတ်ကနေ တင်ပေးလိုက်မှာဖြစ်ပါတယ်။ Order မှာသူက စာအုပ်ရွေးတဲ့အခါမှ တန်​ဆာခရှင်းရမှာဖြစ်ပါတယ်။

- ကားနဲ့မဟုတ်​ဘဲ မန္တ​လေးမှအပ အခြားမြို့များအ​နေနဲ့ Delivery နဲ့ အိမ်​အ​ရောက်​ပို့လိုချင်​ရင်​ ပို့ခထည့်​လွှဲရပါမယ်​။ စာအုပ်တစ်အုပ်ပို့ခ - 1500 ပါ။ စာအုပ် 2 အုပ် - 2500 ကျပ်ပါ။ အိမ်​အ​ရောက်​မှာယူသူများ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ အမည်ကို တိတိကျကျပေးဖို့လိုအပ်ပါတယ်။ (ပထမ ကျွန်​​တော်​ kg အတွက်​မှားလို့ 1000 ထည့်​ထားမိပါတယ်​။ ​တောင်းပန်​ပါတယ်​ခင်​ဗျ)

- စာအုပ်ဖိုးကို ငွေလွှဲရင် KBZ Bank account (or) Wave Money နဲ့လွှဲလို့ရပါတယ်။

- ငွေလွှဲရန်
KBZ Bank Account _ 999 _307_999 1037 7301
Wave Money _ 09 798580 646
(Delivery နဲ့ယူရင် စာအုပ်​ဖိုး+ပို့ခ ကို တခါတည်း ထည့်ပြီးလွှဲရမှာဖြစ်ပါတယ်)
ငွေလွှဲပြီးရင် Bank ချလံ စာရွက် (သို့) wave နှင့်လွှဲလျှင် ID no. နဲ့ Password ကို တချက်အကြောင်းကြားပေးဖို့လိုအပ်ပါတယ်။ တစုံတခု error ရှိရင် ချက်ချင်း အကြောင်းပြန်ပေးပါ့မယ်။

စာအုပ်က ဒီလ September လကုန်​မှာရပါမယ်။ အ​ကြောင်း​ကြောင်း​ကြောင့်​ စာအုပ်​ချန်​ထား​ပေး​စေလိုရင်​ အမည်​၊ လိပ်​စာ၊ ဖုန်းနံပါတ်​​​ ​ပေးထားရင်​ ချန်​ထား​ပေးပါမယ်​။

Order တင်​ရန်​ Myanmar Yaoi Story page နဲ့ May King account ရဲ့ cb မှာလို့ရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အချစ်စစ်၏တည်နေရာ စာအုပ် OrderDonde viven las historias. Descúbrelo ahora