သာယာလှပသော နွေဦးရဲ့ ညနေခင်း နေရောင်ခြည်က ပတ်ဝန်းကျင်ကို နွေးထွေးစွာ ကျရောက်လျက်ရှိသည်.. ။ Korea နိုင်ငံ Seoul မြို့လေး၏ ရပ်ကွက်အတွင်းသို့လည်း နေရောင်ခြည်က နွေးထွေးစွာ ကျရောက်နေသောကြောင့် မြင်ရသမျှပတ်ဝန်းကျင်က လှပနေတော့သည်...။
ထိုအချိန်တွင် အလှအပ မခံစားနိုင်သူကတော့ ကျောပိုးအိတ်ကို ဒေါနှင့်မောနှင့်လွယ်လာပြီး ထိုရပ်ကွက်အတွင်းရှိ ခြံသံပန်းတံခါးကို တဗန်းဗန်းဖြင့် အသံအကျယ်ကြီး မြည်အောင်ထုနေသော Byun Baekhyun ပင်ဖြစ်သည်..။
"Oh Sehun...Oh Sehun...ထွက်လာခဲ့စမ်း...ငါမင်းနဲ့ ဒီနေ့တော့ စာရင်းရှင်းရမယ်...Yaa...ထွက်လာခဲ့စမ်းလို့...Oh Sehun..."
ဒေါနှင့်မောနှင့် ခြံတံခါးကိုထုရင်း Baekhyun အသံအကျယ်ကြီးဖြင့် အော်ခေါ်နေမိသည်...။
ထိုအချိန်တွင် အိမ်ထဲမှ ရင်အုပ်ကျယ်ကျယ်နှင့် smart ကျကျဝတ်ထားသော ကောင်လေးတစ်ယောက်ထွက်လာသည်..။
"အော်...Byun Baekhyun ပါလား...ဘာကိစ္စလဲ..."
မေးနေသည့်ပုံကိုက သူ့အား မထီမဲ့မြင်ဖြင့်...
"မင်း...ဒါ တမင်သက်သက်လုပ်တာမလား...ငါ ဒီနေ့ Yeon Hye ကို ဖွင့်ပြောမှာမှန်းသိလို့ မင်းဒီလိုလုပ်တာမလား..."
"အဟက်...မဟုတ်ဘူးလို့လည်း မငြင်းချင်ဘူး...။ ဟုတ်တယ်..."
ကျွန်တော် စိတ်ဆိုးဆိုးနဲ့ အော်လိုက်တော့ သူက မဲ့ပြုံးပြုံး၍ ပြန်ဖြေလေသည်..။ ဒီ Oh Sehun နဲ့ ကျွန်တော့်ရဲ့ ရေစက်က တော်တော်လေးကို ဆိုးဝါးသည်..။ သူနဲ့ကျွန်တော်က ငယ်ငယ်ကတည်းက အရာရာကို ပြိုင်ဆိုင်လာခဲ့ကြသည်မှာ အခုချိန်ထိပင်ဖြစ်သည်..။ အိမ်ချင်းက မျက်စောင်းထိုးလေးနားမှာ ဖြစ်၍ နီးနီးလေးဖြစ်သော်လည်း ဘယ်တော့မှ မတည့်သည်မှာ အခု တက္ကသိုလ် ပထမနှစ်ရောက်သည်အထိ ဖြစ်သည်..။
YOU ARE READING
LOVE by ANGEL
FanfictionThe beautiful love created by ANGEL...💙 [ SEHUN x BAEKHYUN ] Birthday present for @Moira_04 #covered_by_Charr_Cover_Shop 💛💛