အခုဆို သူနဲ့ Min Ju တို့ ခင်မင်လာတာ နှစ်ပတ်ကျော်ကျော်လောက်ရှိလာပြီ ဖြစ်သည်..။ Min Ju အကြောင်းကို ပိုသိလာလေလေ သူ့ကိုပိုခင်လာလေလေဖြစ်သည်..။ သူနှင့်အတူတူရှိနေချိန်တွေဟာ လွတ်လပ်ပြီး ပျော်ဖို့ကောင်းသည်..။
သို့သော် Oh Sehun နဲ့ Jang Yeon Hye တို့ကို မြင်လျှင်တော့ ပျော်ရွှင်မှုတွေအစား နာကျင်မှုတွေဝင်ရောက်လာသည်..။ ကြည့်ရတာ...Oh Sehun က Jang Yeon Hye ကို တကယ်ချစ်သွားတယ်နဲ့ တူပါသည်..။ အခုချိန်ထိ သူတို့နှစ်ယောက် မပျက်သေး...။
"Baekhyun ဘာတွေစဉ်းစားနေတာလဲ...မုန့်သွားစားကြရအောင်ပါဆိုနေ..တကယ်ပါဘဲ.."
ဟုတ်သားပဲ..။ကျွန်တော်မေ့နေတာ..။ ကျွန်တော် Min Ju နဲ့ မုန့်သွားစားဖို့ ကတိပေးထားသည်လေ..။ Min Ju က ပေါင်းရတာ အဆင်ပြေသည်..။ သူက မိန်းကလေးသိပ်မဆန်ဘဲ နည်းနည်း ယောက်ကျားလေးဆန်ဆန် ပြောတတ်နေတတ်တော့...။
ကျွန်တော်နဲ့ Min Ju မုန့်စားရင်း စကားပြောနေတဲ့အချိန်
ဆိုင်ထဲသို့ Oh Sehun နဲ့ Jang Yeon Hye တို့ဝင်လာသည်ကို တွေ့လိုက်ရသည်...။ ကျွန်တော်တို့ မြင်နိုင်လောက်မယ့် နေရာမှာထိုင်ပြီးတော့ စကားပြောနေကြသည်မှာ လိုက်ဖက်လွန်းသည့်စုံတွဲတစ်တွဲလို...။"ဒီမှာ...cake တွေ.."
"ဟုတ်လား..ဘယ်နားမှာလဲ.."
"ထားပါ..ငါပဲ သုတ်ပေးတော့မယ်..။ ဘယ်လိုစားနေမှန်းးမသိဘူး..."
ကျွန်တော်တို့ cake စားရင်း Min Ju ပါးစပ်နားမှာ ပေနေသော cake လေးကို လက်မဖြင့် သုတ်ပေးလိုက်တော့ ကျွန်တော့်ကို ချစ်ဖို့ကောင်းအောင် ပြုံးပြလာသော အနှီကလေးမလေး..။ ကျွန်တော့်ညီမအရင်းလေးသာဆို သိပ်ကောင်းမည်..။
ကျွန်တော် ထိုသို့သုတ်ပေးလိုက်သည်ကို Oh Sehun မြင်တော့ လက်သီးတင်းတင်းဆုပ်ထားလိုက်သည်ကို တွေ့ရသည်..။
YOU ARE READING
LOVE by ANGEL
FanfictionThe beautiful love created by ANGEL...💙 [ SEHUN x BAEKHYUN ] Birthday present for @Moira_04 #covered_by_Charr_Cover_Shop 💛💛