LOVE by ANGEL

1.7K 163 24
                                    

သာယာလှပ​သော ​နွေဦးရဲ့ ညေ​နခင်း ​နေ​ရောင်​ခြည်​က ပတ်​ဝန်းကျင်​ကို ​နွေး​ထွေးစွာ ကျ​ရောက်​လျက်​ရှိသည်​.. ။ Korea နိုင်​ငံ Seoul မြို့​လေး၏ ရပ်​ကွက်​အတွင်းသို့လည်း ​နေ​ရောင်​ခြည်​က ​နွေး​ထွေးစွာ ကျ​ရောက်​​နေ​သော​ကြောင့်​ မြင်​ရသမျှပတ်​ဝန်းကျင်​က လှပ​နေ​တော့သည်​...။

ထိုအချိန်​တွင်​ အလှအပ မခံစားနိုင်​သူက​တော့ ​ကျောပိုးအိတ်​ကို ​ဒေါနှင့်​​မောနှင့်​လွယ်​လာပြီး ထိုရပ်​ကွက်​အတွင်းရှိ ခြံသံပန်းတံခါးကို တဗန်း​ဗန်းဖြင့်​ အသံအကျယ်​ကြီး ​မြည်​​အောင်​ထု​နေ​သော Byun Baekhyun ပင်​ဖြစ်​သည်​..။

"Oh Sehun...Oh Sehun...ထွက်​လာခဲ့စမ်း...ငါမင်းနဲ့ ဒီ​နေ့​တော့ စာရင်းရှင်းရမယ်​...Yaa...ထွက်​လာခဲ့စမ်းလို့...Oh Sehun..."

ဒေါနှင့်​​မောနှင့်​ ခြံတံခါးကိုထုရင်း Baekhyun အသံအကျယ်​ကြီးဖြင့်​ ​အော်​​ခေါ်​နေမိသည်​...။

ထိုအချိန်​တွင်​ အိမ်​ထဲမှ ရင်​အုပ်​ကျယ်​ကျယ်​နှင့်​ smart ကျကျဝတ်​ထား​သော ​ကောင်​​လေးတစ်​​ယောက်​ထွက်​လာသည်​..။

"​အော်​...Byun Baekhyun ပါလား...ဘာကိစ္စလဲ..."

မေး​နေသည့်​ပုံကိုက သူ့အား မထီမဲ့မြင်​ဖြင့်​...

"မင်း...ဒါ တမင်​သက်​သက်​လုပ်​တာမလား...ငါ ဒီ​နေ့ Yeon Hye ကို ဖွင့်​​ပြောမှာမှန်းသိလို့ မင်းဒီလိုလုပ်​တာမလား..."

"အဟက်​...မဟုတ်​ဘူးလို့လည်း မငြင်းချင်​ဘူး...။ ဟုတ်​တယ်​..."

ကျွန်​​တော်​ စိတ်​ဆိုးဆိုးနဲ့ ​အော်​လိုက်​​တော့ သူက မဲ့ပြုံးပြုံး၍ ပြန်ေ​ဖြ​လေသည်..။ ဒီ Oh Sehun နဲ့ ကျွန်​​တော့်​ရဲ့ ​ရေစက်​က ​​တော်​​တော်​​လေးကို ဆိုးဝါးသည်​..။ သူနဲ့ကျွန်​​တော်​က ငယ်​ငယ်​ကတည်းက အရာရာကို ပြိုင်​ဆိုင်​လာခဲ့ကြသည်​မှာ အခုချိန်​ထိပင်​ဖြစ်​သည်​..။ အိမ်​ချင်းက မျက်​​စောင်းထိုး​လေးနားမှာ ဖြစ်​၍ နီးနီး​လေးဖြစ်​​သော်​လည်း ဘယ်​​တော့မှ မတည့်​သည်​မှာ အခု တက္ကသိုလ်​ ပထမနှစ်​​ရောက်​သည်​အထိ ဖြစ်​သည်​..။

LOVE by ANGELWhere stories live. Discover now