Two

2.7K 226 5
                                    

သူ ထို​ကောင်​​လေးကိုခိုးကြည့်​ပြီး
ကျောင်းတက်​ခဲ့ရတာ ဒီ​နေ့နဲ့ဆို
သုံးရက်​ရှိခဲ့ပြီ ​ကျောင်း​ပြောင်းကာစ
ဖြစ်​တဲ့ သူ့အဖို့ သူငယ်​ချင်းဆိုလို့Minseok
တစ်​​ယောက်​သာရှိခဲ့တယ်​ Minseok ကို
ထို​ကောင်​​လေးရဲ့ နာမည်​​မေးချင်​​ပေမယ့်
သူစိတ်​ဝင်​စားတာကိုရိပ်​မိသွားမှာစိုး၍
မ​မေးရဲ

ထို​ကောင်​​လေးကိုစိတ်​ဝင်​စားမိ​နေတဲ့
ကိုယ့်​ကိုလဲအံ့သြမိတယ်​ အရင်​​ကျောင်းတုန်းက
တကယ်​ချစ်​ခဲ့တာ​တော့မဟုတ်​​ပေမယ့်
ကောင်​မ​လေး​တော်​​တော်​များများကိုသူစိတ်​ဝင်​စား
ခဲ့ဖူးတယ်​ ဒါမဲ့ဒီ​ကောင်​​လေးကိုစိတ်​ဝင်​စားပုံ
နဲ့မဆိုင်

အခုလဲစာသင်​​နေတာ စိတ်​မဝင်​စား သူ့ဆီကိုသာ
စိတ်​က​ရောက်​​နေတယ်

"​ဟေ့..​ကျောင်းသား မင်းစာကိုစိတ်​မဝင်​စားဘူးလား "

ဆရာမ ရဲ့အသံကSuhoရဲ့နားထဲ မိုးခြိမ်း
လိုက်​သလိုပင်​ တုန်​လှုပ်​သွားမိတယ်

"Ooh Sehun မင်းစာကိုစိတ်​မဝင်​စားရင်
အတန်းထဲကထွက်​ "

Ooh Sehun ဆိုတဲ့အမည်​နာမ​ကြောင့်
သူ ဆရာမကြည့်​ရာဘက်​ကိုကြည့်​လိုက်
မိ​တော့ ထို​ကောင်​​လေးဖြစ်​​နေတယ်

"သူ့နာမည်​က Ooh Sehun တဲ့လား "

Suhoရဲ့​ရေရွတ်​သံကိုနှလုံးသားတစ်​ခုမှ
လွဲရင်​ မည်​သူမျှမကြားခဲ့

"စိတ်​ဝင်​စားပါတယ်​ sam "

Suho ရဲ့နားထဲ ထိုအသံဟာစိမ့်​ဝင်
သွားသလိုပင်​ သာယာလှတဲ့အသံ​လေး
သူ ထို​ကောင်​​လေးအသံကိုအခုမှ
စကြားဖူးခြင်း

"စိတ်​ဝင်​စား ရင်​မင်းလက်​ထဲကပစ္စည်းကို
ချလိုက်​ "

Samရဲ့​ပြောစကား​ကြောင့်​ သူ့လက်​ကို
သေချာကြည့်​မိတယ်​ ကြွက်​ရုပ်​ဖြူဖြူ
လေးကို ကိုင်​ထားတာပဲ မိန်းက​လေး​တွေကို
စ​နောက်​ချင်​လို့ထင်

တကယ်​ကို လူဆိုး ​လေးပဲ

ကို့အ​တွေးနဲ့ကိုပြုံးလိုက်​မိတယ်

The First OF Love (Completed)Where stories live. Discover now