Eight

2K 206 4
                                    

မနက်​ထဲကနားထဲကြား​ယောင်​​နေတဲ့ ဒီစကားက
အခုညအိပ်​​တော့မယ်​အချိန်​ထိဒုက္ခ​ပေးဆဲ
ထိုစကားကိုနားထဲပြန်​ကြားတိုင်းရင်​ဘက်​ရဲ့
လက်​ဝဲဘက်​အစုံကတဆစ်​ဆစ်​ကိုက်​လာသလို
မျက်​ရည်​များကလဲထိန်းမရသိမ်းမရ

အိပ်​ရာမှလူးလဲထပြီးမှန်​ကိုကြည့်​ကာSuho
မျက်​ရည်​​တွေကိုခပ်​ကြမ်းကြမ်းသုတ်​လိုက်​ပြီး
မှန်​ကိုစူးစိုက်​ကြည့်​​နေမိတယ်

မှန်​ထဲမှာ​ပေါ်လာတဲ့မိမိပုံရိပ်​ကိုကြည့်​ပြီး
သူ့မျက်​လုံးထဲမြင်​​ယောင်​လာတာက
Rosy Nar Nar နဲ့ Sony

"သူတို့လိုချွဲနွဲ့တဲ့အမူအရာမရှိ သူတို့လိုလှပတဲ့
မျက်​နှာမရှိ သူတို့လိုစွဲမက်​ဖို့​ကောင်းတဲ့အရာ
တွေမရှိတဲ့ မင်းကို Sehunကဘယ်​ကြိုက်​ပါ့မလဲ

ကျစ် မင်းရူးခဲ့တာ Suho မင်းအကြီးအကျယ်​ကိုရူးခဲ့တာ
မင်းဘယ်​လိုပဲသူ့အ​ပေါ်ထားတဲ့အချစ်ေ​တွဘယ်​​လောက်
ပဲဖြူစင်​ပါ​စေ သူ့အတွက်​ကgayတစ်​​ယောက်​ရဲ့
အချစ်​ထက်​မပိုဘူး "

နှုတ်​မှဆက်​တိုက်​​ရေရွတ်​မိ​နေသလို အ​တွေးထဲမှာလဲ
သူSehunကိုချစ်​ခဲ့တုန်းကပုံရိပ်​​တွေကလွှမ်းမိုးလျက်

မျက်​ဝန်းမှတဖန်​ကျဆင်းလာပြန်​တဲ့
မျက်​ရည်​​တွေကိုလက်​နဲ့သုတ်​လိုက်​ပြီး
နှုတ်​မှ​ရေရွတ်​မိတယ်

**ငါမင်းကို​မေ့ပစ်​​တော့မယ်​ Sehun **

အ​ပြောသာလွယ်​တာပါလက်​​တွေ့ကမလွယ်
ဦး​နှောက်​ကSehunကိုစိတ်​နာသင့်​​ကြောင်း
အသိ​ပေး​နေ​ပေမယ့်​နှလုံးသားကလက်​မခံ
ဦး​နှောက်​နဲ့နှလုံးသားရဲ့တိုက်​ပွဲကြားဗျာများ
နေရတဲ့ အ​တွေး​တွေ စိတ်​ကူး​တွေကိုပင်
သူမထိန်းချုပ်​နိုင်​​တော့

တစ်​ခါတရံမိုး​လေးများရွာလာရင်
မိုးစက်​​လေး​တွေကြားသူ​ပြေးသွားတုန်းက
ပုံရိပ်​​တွေကမျက်​လုံးထဲအစီအရီ

တစ်​ခါတစ်​ရံbubble teaဆိုင်​နားက
ဖြတ်​သွားမိရင်​ bubble teaကြိုက်​တတ်​တဲ့
သူ့ကိုဦး​နှောက်​ကသတိရမိ​စေပြန်​တယ်

The First OF Love (Completed)Where stories live. Discover now