အဝေးကကြည့်ရင်း. . .
အရိပ်တစ်ခုကိုကြည့်ရင်း. . .
မင်းဘေး ပတ်ဝန်းကျင်ကလူတွေကိုကြည့်ရင်း. . .
ငါဘယ်တော့မှ မင်းဘေးကလူတစ်ယောက်ဖြစ်မလာနိုင်ဘူး. . .
ဖြစ်လာမယ့်နေ့ကိုလည်းရောက်မလာနိုင်ဘူး. . .
ညဘက်တွေဆို အိပ်မက်တွေနဲ့ပဲ ရှင်သန်နေရသူပါ. . .
ငေးနေရင်းနဲ့. . .သဘောကျနေရင်းနဲ့. . .ဖြတ်တိုက်လာတဲ့လေပြေလေးကို သဘောတကျပြုံးနေရင်းနဲ့. . .
မတော်တဆများမင်းငါ့ကိုသတိထားမိလေမလား. . .မတော်တဆများမင်းငါ့ဘက်ကိုလှည့်ကြည့်ပေးလေမလား. . .
ငါ့နှလုံးသားထဲမှာ သန်းပေါင်းများစွာသော စကားလုံးတွေရှိတယ်
ဒါပေမယ့် မင်းကြားအောင် ငါတစ်ခွန်းမှပြောမထွက်ဘူး. . .
ငါတစ်ယောက်တည်းရှိတဲ့အချိန်. . .ခပ်တိုးတိုးတီးတိုးသံနဲ့အတူ. . .ပြောမိတဲ့အခါ. . .မင်းကိုချစ်တယ် မင်းကိုချစ်တယ်လို့
ငါ့နှလုံးသားထဲကစကားသံတွေကို မင်းကြားနိုင်ရင်ကောင်းမယ်
ဒါပေမယ့် မင်းဆီရောက်ဖို့ အရမ်းကို တိုးတိတ်လွန်းတယ်
မင်းနှလုံးသားဆီမရောက်ခင်. . .ငါ့ရဲ့အချစ်စကားတွေ လေနဲ့အတူ လွင့်မျောသွားပြီး ပျက်ဆီးသွားခဲ့ရင်. . .
တစ်ချိုးအချိန်တွေရှိတယ်. . .မင်းနဲ့ငါနဲ့ နီးကပ်နေတဲ့အချိန်တွေပေါ့. . .
ဒါပေမယ့် မင်းရဲ့အကြည့်တွေက ငါ့ဆီကနေ အမြဲ လွှဲနေတယ်. .
ငေးနေရင်းနဲ့. . .သဘောကျနေရင်းနဲ့. . .ဖြတ်တိုက်လာတဲ့လေပြေလေးကို သဘောတကျပြုံးနေရင်းနဲ့. . .
မတော်တဆများမင်းငါ့ကိုသတိထားမိလေမလား. . .မတော်တဆများမင်းငါ့ဘက်ကိုလှည့်ကြည့်ပေးလေမလား. . .
ငါ့နှလုံးသားထဲမှာ သန်းပေါင်းများစွာသော စကားလုံးတွေရှိတယ်
ဒါပေမယ့် မင်းကြားအောင် ငါတစ်ခွန်းမှပြောမထွက်ဘူး. . .
ငါတစ်ယောက်တည်းရှိတဲ့အချိန်. . .ခပ်တိုးတိုးတီးတိုးသံနဲ့အတူ. . .ပြောမိတဲ့အခါ. . .မင်းကိုချစ်တယ် မင်းကိုချစ်တယ်လို့
ငါ့နှလုံးသားထဲကစကားသံတွေကို မင်းကြားနိုင်ရင်ကောင်းမယ်
ဒါပေမယ့် မင်းဆီရောက်ဖို့ အရမ်းကို တိုးတိတ်လွန်းတယ်
မင်းနှလုံးသားဆီမရောက်ခင်. . .ငါ့ရဲ့အချစ်စကားတွေ လေနဲ့အတူ လွင့်မျောသွားပြီး ပျက်ဆီးသွားခဲ့ရင်. . .
*Ploychampoo ( Jannie W )