❤❤❤❤❤-(final)

497 35 1
                                    

Chanyeol ဆေးရုံထက် မေ့မျောနေတာ
တစ်ပတ်ခန့်ပင် ရှိလို့နေပြီ။
ဆရာဝန်က စောင့်ကြည့်ရမယ်လို့
ပြောထားသော်ငြား baek တော့
တစ်ပတ်ဆိုတဲ့ အချိန်ကြာလာသည်မို့
စိတ်မကောင်းဖြစ်နေသည်မှာ
အစားပင် မစားနိုင်သည်အထိ....

"Doctor  Yeol ပြန်သတိရဖို့ မျှော်လင့်လို့ရသေးလားဟင်...."

"လူနာရှင် စိတ်ကိုအေးအေးထားပါ
လူနာက ပြန်သတိလည်ဖို့ အလားအလာရှိပါတယ်...."

ဆရာဝန်ထွက်သွားပြီးနောက်
ကုတင်ထက် အနားယူနေသည့်
ချစ်ရသူ လက်ကိုကိုင်ကာ....

"Yeol ခင်များပြောတော့ ကျွန်တော့်ကိုချစ်တယ်ဆို
အာ့ဆို ဘာလို့အိပ်နေတာလဲဗျာ
ကျွန်တော်စိတ်ပူလှပြီ
အမြန်ဆုံး ပြန်လာခဲ့ပေးပါတော့..
ကျွန်တော်တောင်းဆိုနေတယ်လေဗျာ
ထတော့ဆိုနေ..."

Yeol ခန္တာကိုယ်ကို ဆွဲလှုပ်ကာ
ခေါ်နေသောငြား ထမလာသေး....

ခင်များမရှိတဲ့ အချိန်
မျက်ရည်တွေက ခွင့်ယူချက်မရှိ
ကျွန်တော့် ပါးပေါ်ကို နေရာယူလာကြတယ်။
ကျွန်တော် မကျပါနဲ့လို့ တောင်းဆိုနေသော်ငြား
လစ်လျုရူကာ ခုန်ပေါက်ဆင်းလာကြတယ် Yeol...
သူတို့ ခင်များလောက်တောင် ကျွန်တော့်စကားနားမထောင်ကြဘူးရယ်....

🐶🐺 My Puppy Is Fairy Fox 🐶🐺

2 ပတ် အတိအကျအားဖြင့် 14ရက်
သူနိုးမလာသေးဘူး...

အရမ်းတွေအိပ်မနေနဲ့လေ ခင်များရယ်
ကျွန်တော်တို့ လက်ထပ်ကြမယ်ဆို...

"သား ထမင်းစားရအောင်လေ
သား ဘာမှမစားပဲနေတော့
Chanyeolလေး နိုးလာရင်
စိတ်မကောင်းဖြစ်နေမှာပေါ့...."

"ကျွန်တော် စားရင် သူနိုးလာမှာလား..."

"နိုးလာမှာပေါ့ သားရဲ့
ပြီးတော့ နန်းတော်ပြန်ပြီး အိပ်လိုက်အုံး
သား အိပ်ရာကနိုးလာရင်
သူလည်း သတိရလောက်ပြီလေ...."

တစ်လ...ရက်ပေါင်း ၃၀...

သူသတိမရသေးဘူး...သူအိပ်လို့ကောင်း
နေသေးတာ...သူသိပ်ချစ်တယ်ဆိုတဲ့
ကျွန်တော် ကိုတောင်မှ မေ့နေပြီထင်ပါရဲ့...
Baek ဆေးရုံဝတ်နဲ့ သက်တောင့်သက်သာ
အိပ်နေနိုင်တဲ့ အဖိုးကြီးကို ထုရိုက်ပြီးရန်တွေ့ချင်ပါရဲ့...

My Puppy is Fairy Fox(Mini Fiction)Where stories live. Discover now