Episode ②

1.6K 236 71
                                    

CALICO'S MAN
Unicode

သာယာတဲ့မနက်ခင်းလေးမှာယွန်းဂီတစ်ယောက်

ရင်ဘတ်တစ်ခုလုံးလည်းလေးလံပြီး
ပါးနှစ်ဖက်က စိုစွတ်စွတ် အထိအတွေ့နဲ့အတူ
ပသပ်ပသပ်ဆိုပြီး အသံတွေပါထွက်လာတော့
အိပ်မှုန်စုံဝါးနဲ့ ထကြည့်မိလိုက်သည်။
ရင်ဘတ်ပေါ်မှောက်လျက်သားအနေနဲ့
သူ့ပါးနှစ်ဖက်ကိုအားရပါးရထိုင်ကိုက်နေတဲ့
ပိစိ

"အား.."

ရုတ်တရပ်လန့်သွားတာမလို့
ငယ်​သံပါ​အောင်​​အော်​မိရင်းထခုန်တော့
ပိစိခဗျာ ကလေးပီပီ
အင့်ခနဲ ရှိုက်​ကာ ကျူကျူပါ​အောင်​ငိုပါ​လေ​ရော

"ဟာ...မငိုနဲ့​လေ
​ဟေ့...ဒုက္ခပါဘဲ"

​ကိုယ်​ကလည်းချော့တတ်​တဲ့သူထဲမပါ​ပေမယ့်
ခန္ဓာကိုယ်​​သေး​သေး​လေးကိုလက်​နဲ့အသာချီကာ
ပုခုံးကိုပင့်တင်​​ပေး​တော့မှ
အငိုတိတ်​​လေတော့သည်။

တအင့်အင့်နဲ့အသံထွက်​​ရုံမက
သူ့အင်္ကျီစကိုပါထပ်​ကိုက်​​နေတာ​ကြောင့်
ဗိုက်ဆာနေပုံထင်ရတဲ့ ပိစိကိုဘေးခဏချ
နွားနို့ဘူးထဲကနို့ကို​ဖောက်​
နို့ဘူးထဲထည့်ပြီးသူ့လက်​ထဲထည့်ပေး​တော့
သူလိုချင်တာရသွားတဲ့ဟန်နဲ့
ဖင်​​လေးတခါခါ အိမ်ရှေ့ကိုလျှောက်သွားလေရဲ့

ဟူး.....သူနဲ့ကိုယ်​နဲ့ဘယ်​လိုနှစ်​ပါးသွားရမလဲ

မြင်​​ယောင်​​သေးတယ်​.....

မြင်​​ယောင်​​သေးတယ်​......

CALICO'S MAN

"​ဒေါင်​...​တောင်​....တီး....တိန်​"

"ဟာ...ဒီဟာ​လေး​တော့"

​ဒီ​နေ့ studio မသွားဖြစ်​ဘဲအိမ်​မှာ
အိပ်​ပါမယ်​ဆို​နေမှ
ပီယာနို ခန်းထဲအသံစုံထွက်​လာ​လေသည်။
​သေချာတယ်​ပိစိလက်​ချက်​ဘဲနေမှာ

"နားညီးတယ်​ကွာ"

ထိုင်​ခုံ​ပေါ်မတ်​တပ်​ရပ်​ကာ ပီယာနိုကို
တ​ဒေါင်​​ဒေါင်​တီး​နေတဲ့သူက
အခု​တော့သူမဟုတ်​တဲ့အတိုင်း
ခုံ​ပေါ်ငုတ်​တုတ်​ထိုင်​လို့

CALICO'S MANWhere stories live. Discover now