Episodes ⑧

787 87 11
                                    

CALICO'S MAN

(A/N-ဒီအပိုင်းလေးက Chim လေးဘက်က အတွေးတွေကိုရေးထားတာဖြစ်ပါတယ်)

ဟဲလို လောကကြီးရေ ကျတော်ဒီနေ့အရမ်းပျော်နေတယ်
ကိုကိုက ကျတော့်ကိုခရီးအရှည်ကြီးလိုက်ပို့မယ်တဲ့လေ

အိမ်ရှေ့က laguage ပေါ်တက်ခွထိုင်ရင်း
တစ်အိမ်လုံးပတ်စီးနေပြီး ကိုကို့ကိုစောင့်နေလိုက်တယ်

''ကဲ ကလေးရေ အဆင်သင့်ဖြစ်ပြီလား"

အိပ်ခန်းထဲက သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးထွက်လာတဲ့
ကိုကိုက ကျတော့်မျက်လုံးထဲ လုံးဝ ပါဖက်

"ဟုတ် ပြီးပါပြီ ကိုကို"

ကျတော့်မူပိုင် ဖင်နှစ်လုံးကိုပစ်ပြီးကိုကို့လက်ဆွဲကာ
သွားရမယ့်ခရီးစဥ်အတွက်ရင်ခုန်ရင်း.....

CALICO'S MAN

"ကုကုနဲ့ကိုကိုဂျွန်းကဘာလို့လိုက်လာတာလည်း
ကိုကိုနဲ့နှစ်ယောက်ထဲ ခရီးသွားမလို့ကို"

ကားနောက်ခန်းထဲ အီးမှန်ထားသလိုမျက်နှာပေးနဲ့
ထိုင်နေတဲ့ ကုကုနဲ့ ကိုကိုဂျွန်း က တကယ် ဒိတ် လေးကို
ဖျက်လိုဖျက်စီးနဲ့

''အခု ကစားကွင်းအရင်သွားမှာ ကလေးရဲ့
ကုကုလည်းလိုက်မယ်ဆိုလို့ ကိုကိုခေါ်လာတာ
ခရီးက ကလေးနဲ့ဘဲသွားမှာ"

ကားမောင်းရင်း ပြောလာတဲ့ကိုကို့စကားကြောင့်
ရင်ထဲပန်းတွေပွင့်ရင်းနဲ့ဘဲ ကစားကွင်းကိုရောက်လာတယ်။

''ကိုကို ဒါစီးမယ်"

"ကိုကို ဒါရော စားချင်တယ်''

''ကိုကို ဒါလေးဝယ်ပေးပါ ''

''ကိုကိုဓာတ်ပုံတူတူရိုက်မယ်နော်''

''ကိုကို...''

''ကိုကိုရေ..."

ကိုကိုချည်းထပ်နေတဲ့ ကျတော့်ကိုမငြီးမငြူဘဲ
တစ်နေ့ခင်းလုံး ကျတော့်အလိုကိုဖြည့်ဆည်းရင်း
နောက်ဆုံး ခရီးသွားမယ့်ညနေခင်းကိုရောက်လာရော

တနေ့လုံးပင်ပန်းပြီး ကစားထားရတာမလို့
ကားပေါ်အိပ်ရင်းနဲ့ဘဲ ခရီးစဥ်ကြီးစတင်လိုက်တယ်။

CALICO'S MANWhere stories live. Discover now