အပိုင်း ၂
လူသားတိုင်းမှာ လိုက်
နာရမဲ့ ကျင့်ဝတ်ဆို
တာရှိတယ်
လူသားတစ်ယောက်
ရဲ့ဂုဏ်သိက္ခာလှပဘို့
အတွက်အဲဒီ လူသား
ကျင့်ဝတ်ကိုစောင့်ထိန်း
မှ
သည်ကမ္ဘာမြေကြီးက
လည်းလှပလာမယ်ECGစက်ကိုကိုင်ပြီးရှေ့ကသွားရင်း
သည်လောက်လှတဲ့ကောင်မလေးဆေးရုံကိုဘယ်တုန်းကရောက်လာပါလိမ့်စဉ်းစားလာမိသည်"ဟိတ်"
"ဟိတ်"
နောက်မှခေါ်သံကြား၍လှည့်ကြည့်စဉ်
"ယောင်္ကျားခွဲစိပ်လူနာကိုသားဖွားမီးယပ်ဆောင်မှာထားသလားရှင့်"
"ဟင်မထားပါဘူး ထားရင်ပြသနာတွေရှုပ်ကုန်မှာပေါ့ဘာဖြစ်လို့လဲ"
ကောင်မလေးက အဆောင်အဝင်ဝအပေါ်ကဆိုင်းဘုတ်ကိုလက်ညှိုးထိုးပြသည်
"အဆောင်၆
သားဖွားနဲ့မီးယပ်ဆောင်"သေဟဲ့
အဆောင်ကျော်သွားပြီ
လမ်းမသိတဲ့လူကလမ်းပြန်ပြနေရတဲ့အဖြစ်"ဟာ
ကျော်သွားပြီ male surgical ward (ကျားခွဲစိပ်ဆောင်)ကနောက်မှာကျန်ခဲ့ပြီ""မသိဘူးလေ ယူက male surgical ward တုန်းက မဝင်ပဲ ဆက်လျှောက်တော့ နောက်တစ်ခန်းများရှိသေးလားလို့
ဝင်မဲ့ဝင်တော့လည်း OG ward(သားဖွားနှင့်မီးယပ်ဆောင်) ကြီး"ကောင်မလေးကရယ်ကျဲကျဲနှင့်ပြောလိုက်သည်
ရှက်ရှက်နှင့်နောက်ကြောင်းပြန်လှည့်ရသည်
ကောင်မလေးကတော့ပြုံးစစနှင့်"မင်းကသည်လောက်လှနေမှတော့ငါလည်းသည်လောက်တော့မှားမှာပေါ့လေ"
စိတ်ထဲရေရွတ်ရင်းအဆောင်ထဲဝင်လိုက်သည်
"ဖျားနာဆောင်သွားတာကွာမင်းကိုယ်တိုင်လူနာဖြစ်နေပြီလားလို့"
အခန်းထဲဝင်ဝင်ချင်းသူငယ်ချင်းတစ်ယောက်ကထအော်သည်
"ငါအဆောင်ကျော်သွားလို့ကွ ပြန်လှည့်လာရတာ"