3️⃣

2.5K 314 22
                                    

🗨 kyung soo ah
ငါ နေမကောင်းဘူး>< 🗨......

from chan's baek booဆိုတဲ့
Contact Nameဆီမှဝင်လာတဲ့
ထိုMessageကို kyung sooထိုင်ဖတ်နေတာ
နာရီဝက်လောက်ရှိနေပြီဖြစ်သည်။

သို့သော် ဘာreplyပေးရမှန်းမသိတဲ့
Kyung sooလေးခမျာ ဖုန်းကိုင်လျက်
အနေအထားဖြင့် အူလည်လည်လေး!

ဆေးသောက်လေလို့ဘဲပြောရမလား?
မဟုတ်မှ မသေသေးဘူးမလားလို့ဘဲ
ထောပနာပြုရမလား??

အင်း ဒီအခြေအနေက နည်းနည်းတော့
ကသိကအောင့်နိုင်နေ၏။
Byun baekhyunနဲ့သူက အခု
စိတ်ကောက်ထားကြတာလေ><
နှစ်ယောက်သားစကားမပြောကြဘူးလေ><
အဲ့ဒါကို ဒီလိုကြီးmessageလာပို့တယ်ဆိုတော့
ဘာလဲ ဒါ စိတ်ကောက်ပြေမယ်ဆိုတဲ့
သဘောလား???

🗨 ဟေ့ကောင် မင်း နေနိုင်လိုက်တာကွာ
ဘာမှတောင်မပြောတော့ဘူးပေါ့
တကယ်ကြီး စိတ်ကောက်ကြမယ်ပေါ့T~T 🗨..

ထပ်၍ဝင်လာသော messageကို
ဖတ်ပြီးနောက် kyung sooလဲ
လက်ချောင်းသွယ်တို့ကို screenပေါ်၌
အသာလှုပ်ရှားလိုက်၏။

စိတ်ကောက်ကြတာက အထွေအထူးမဟုတ်
Byun baekhyunကိုစာလုပ်ဖို့ တိုင်ပင်ရင်း
သောက်ပျင်းလေးရဲ့ စာမလုပ်ချင်စိတ်ကြောင့်
စကားအခြေအတင်ဖြစ်ထားကြရုံသာ~~~

*Tap..

Replyပြန်လုပ်လိုက်သော meassageက
နှစ်ခွန်းထဲသာဖြစ်သည်။

🗨 ဘာလဲ>< 🗨~~~

သူငယ်ချင်းကို ချေတာတော့ မဟုတ်ရပါ။
ခုဘဲစိတ်ကောက်တယ် ခုဘဲ ပြန်ပြီး
စိတ်ပြေရမယ်ဆိုတော့ ရန်ဖြစ်လိုက်ရတဲ့
အချိန်ကိုနှမြော၍ ဤကဲ့သို့ဂရုမစိုက်ကြောင်း
ပြခြင်းသာဖြစ်သည်။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်စွာပြုံးလိုက်ရင်း
ဖုန်းကို ကုတင်ပေါ်လှမ်းတင်လိုက်စဉ်မှာဘဲ
အချိန်ကိုက်ဆိုသလို ဝင်လာတဲ့ဖုန်းကြောင့်
အသာပြန်ယူပြီးကြည့်လိုက်တော့

Wallpaperပေါ်က byun bakhyun၏
စပ်ဖြဲဖြဲရုပ်က kyung sooအား
လှောင်နေလေရဲ့><

" ပြော "

" ဟေ့ကောင် ဘယ်လိုကြီး
စိမ်းကားနေတာလဲ ငါ ငိုမှာနော် "

Boyfriend of Byun BaekhyunWhere stories live. Discover now