4️⃣

3.3K 323 34
                                    

" kim jong in မင်း ဒီဖအေပြောစကားကိုမှ
နားမထောင်ဘူးဆို အိမ်ပေါ်ကဆင်းတော့ "

ဧည့်ခန်းထဲ ဟိန်းခနဲထွက်လာသော
သြဇာညောင်းသည့်အသံကြောင့်
Jong inမျက်မှောင်ကြုတ်လိုက်မိသည်။

ဘိုးတော်ဟာ အာဏာပြနေချေပြီ><

" ကျစ် အဖေရာ ဒါကြီးက မဖြစ်..."

" တိတ်စမ်း ဘာမှအထွန့်မတတ်နဲ့
ဖြစ်တာတွေမဖြစ်တာတွေကို ငါဘဲ
အကုန်ဆုံးဖြတ်ပေးမယ် မင်းကနာခံရုံဘဲ "

Kim jong inရဲ့စကားတို့ကား
အဆုံးပင်မသတ်လိုက်ရပါ တရစပ်
ဝင်ပြောသော ဖခင်၏ အာဏာစက်အောက်
ပြားပြားကိုဝပ်လို့ရယ်!!

ဘိုးတော်ဟာ ဖခင်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး
Jong inကိုထောင်ထဲသွင်းရန်ကြံနေပြီ။
အိမ်ထောင်ပြုရမည်ဟူသော တစ်ချက်လွှတ်
အမိန့်ဖြင့် jong inကိုချုပ်ကိုင်တော့၏။
Jong inအသက်က ခုမှ၂၄သာရှိသေးသည်။
ပြောမယ်ဆို ဖခင်နဲ့ယှဉ်ရင် သူဟာ
ခုမှလူလားမြောက်တဲ့ ကလေးလေးဘဲ
ရှိသေးတာဖြစ်သည်။

လွတ်လပ်တဲ့လူငယ်ဘဝကို
သူဖြတ်သန်းချင်သေးသည်။
သူ့ရဲ့ငယ်ရွယ်မှုတွေကို အိမ်ထောင်သည်
ဘဝနှင့်မလဲလှယ်နိုင်သေးသောကြောင့်..

" အဖေရာ သားကခုမှ
ငယ်ငယ်လေးရှိသေးတာဗျာ "

" ဟိုကလေးလဲမင်းနဲ့ရွယ်တူဘဲ
ငယ်မူလာပြန်မနေနဲ့ မင်းအသက်က
၂၅ထဲတောင်ဝင်နေပြီကို "

" ဒါပေမဲ့ ယောကျာင်္းချင်းကြီးက..."

"ငါ အထွန့်မတက်နဲ့လို့မပြောခဲ့ဘူးလား
Kim jong in မင်း နာချင်ပြီလား "

ကြိမ်းမောင်း၍ပြောလာပြီဖြစ်သောကြောင့်
အထွန့်တက်ချင်စိတ်ကိုလျှော့ချလိုက်ရ၏။
မဟုတ်ရင် အဖေ့ကြိမ်တုတ်လက်စာမိမည်ပင်။

အဖေဟာ ဘာစိတ်ကူးနေသည်လဲမသိ
သူ့အား ယောကျာင်္းတစ်ယောက်နဲ့
အိမ်ထောင်ချပေးမည်ဟုဆို၏။
တစ်ဖက်ကောင်လေးဟာ ဘယ်လို
ချစ်စရာကောင်းကြောင်းကိုတဖွဖွပြောပြီး
Jong inကိုလဲတွေ့ကြည့်ဖို့ရန်တိုက်တွန်း၏။
ဒုက္ခဘဲ မိန်းမယူရမယ်ဆိုလဲထားတော့
ခုကယောကျာင်္းယူရမတဲ့လေ အဖေ အဖေ
သွေးအေးအေးနဲ့ညှင်းရက်လေခြင်း

Boyfriend of Byun BaekhyunWhere stories live. Discover now