Best Friend

17 1 0
                                    

အျဖဴေရာင္ သံေယာဇဥ္ ႀကိဳးလို႔ မင္းအမြန္းတင္ထားတဲ့ ဒီဆက္ဆံေရးမွာ ကိုယ္ဟာတိတ္တဆိတ္ ဗီလိန္ႀကီးျဖစ္ေနရပါတယ္........တူညီခ်င္းေတြမ်ားေပမဲ့လို႔ လဲ မင္းျခားထားတဲ့ အလႊာပါးဟာ ကိုယ့္အတြက္ေတာ့ မဟာတံတိုင္းႀကီးပဲ.......''ငါ့ရဲ႕ BFFႀကီး ''ဆိုၿပီး ခပ္တည္တည္နဲ႔ သိုင္းဖက္လာတဲ့လက္ေတြအေပၚကိုယ္လိပ္ျပာမလံုေတာ့ပါဘူး......႐ုပ္႐ွင္ ၾကည့္ရင္း ေပါက္ေပါက္ခြံေကြၽးတယ္ဆိုတာ မင္းႏႈတ္ခမ္း ေတြကိုထိမိခ်င္လို႔ မင္းအိပ္ခ်င္တယ္ဆိုတာနဲ႔ခ်က္ခ်င္း ပုခံုးထိုးေပးတယ္ဆို တာ ဆံပင္ေတြကိုခိုးနမ္းခ်င္လို႔ မင္းအလွျပင္လာတိုင္း အ႐ူးမ လို႔ ႐ုပ္တည္နဲ႔ ေျပာပစ္ေပမဲ့ တကယ္ ႐ူးမတတ္ရင္ခုန္ရတာ ကေဟာဒီေကာင္ပါ.....
ေမးပါရေစ... နည္းနည္းေလး မွမင္းမရိပ္မိဘူးလား.....မင္းလိုခ်င္တာ ဆို ႏွစ္ခါမတဘဲ ရေစခဲ့တာ...မင္းစကားဆို တစ္ခြန္းထဲ ပီးေနတာ....စိတ္ဆတ္တဲ့ကိုယ္က မင္းမ်က္ႏွာတစ္ခ်က္ညႇိဳးရံုနဲ႔ ခခယယ ျပန္ျဖစ္သြားတာ....မင္းတကယ္ ဘဲမသိတာလား...မသိခ်င္ေယာင္ေဆာင္တာလား...
ရည္းစား ေတြထည္လဲနဲ႔ မၾကာခဏအသဲကြဲတတ္တဲ့ အခ်စ္ဘုရင္မႀကီးက ငါ့ရင္ထဲက်ဘာမွမျမင္ႏိုင္ဘူးလား....ေျဖစမ္းပါဟာ....

အလႊာပါးေလးနဲ႔ ကမၻာျခားေနရတဲ့ကိုယ္ စည္းကေလးဖ်က္ခ်င္ေပမဲ့ ဒီစည္းကေလးထဲကပဲ အသက္ဆက္ႏိုင္တဲ့ကိုယ္
ေသခန္းပ်က္မွာ ေၾကာက္တဲ့စိတ္နဲ႔ မင္းနဲ႔အနီးဆံုးမွာ တစိမ့္စိမ့္ၾကည့္ေနရတဲ့ကိုယ္ရယ္ပါ....

လာေခ်ေသးတယ္ သူမဂၤလာေဆာင္ရင္ သတိုးသား အရံလုပ္ေပးပါတဲ့ ျပံဳးျပံဳးေလး ထိုင္ၾကည့္ေနတယ္ဆိုတာ ေက်နပ္ေနတယ္ ထင္ေနတာလား...သူငယ္ခ်င္းရယ္....ကိုယ့္အသဲ လဲအေတာ္ေခါင္းမာပံုရတယ္...အနီးကပ္ ရန္သူေတာ္ရဲ႕ ဗ်ဴဟာ ေျမာက္စစ္ဆင္ေရးမွာ အ႐ိႈက္ထိတာေတာင္မကြဲေသးဘူးတဲ့ေလ.....လုပ္ပါ မင္းႀကိဳက္သလိုလုပ္ပါ....ေမြးဖြားလာသမွ် အၾကင္နာေတြ ''သူငယ္ခ်င္း''ဆိုတဲ့ ႀကိဳးကြင္းစြပ္ၿပီး မခ်ိမဆန္႔ ေနဆိုလဲ ကမာၻခ်ီေအာင္ေန မွာမို႔ မင္းႀကိဳက္သလိုသာလုပ္.....

Sep,19,2018
12:27AM

အဖြူရောင် သံယောဇဉ် ကြိုးလို့ မင်းအမွန်းတင်ထားတဲ့ ဒီဆက်ဆံရေးမှာ ကိုယ်ဟာတိတ်တဆိတ် ဗီလိန်ကြီးဖြစ်နေရပါတယ်........တူညီချင်းတွေများပေမဲ့လို့ လဲ မင်းခြားထားတဲ့ အလွှာပါးဟာ ကိုယ့်အတွက်တော့ မဟာတံတိုင်းကြီးပဲ.......''ငါ့ရဲ့ BFFကြီး ''ဆိုပြီး ခပ်တည်တည်နဲ့ သိုင်းဖက်လာတဲ့လက်တွေအပေါ်ကိုယ်လိပ်ပြာမလုံတော့ပါဘူး......ရုပ်ရှင် ကြည့်ရင်း ပေါက်ပေါက်ခွံကျွေးတယ်ဆိုတာ မင်းနှုတ်ခမ်း တွေကိုထိမိချင်လို့ မင်းအိပ်ချင်တယ်ဆိုတာနဲ့ချက်ချင်း ပုခုံးထိုးပေးတယ်ဆို တာ ဆံပင်တွေကိုခိုးနမ်းချင်လို့ မင်းအလှပြင်လာတိုင်း အရူးမ လို့ ရုပ်တည်နဲ့ ပြောပစ်ပေမဲ့ တကယ် ရူးမတတ်ရင်ခုန်ရတာ ကဟောဒီကောင်ပါ.....
မေးပါရစေ... နည်းနည်းလေး မှမင်းမရိပ်မိဘူးလား.....မင်းလိုချင်တာ ဆို နှစ်ခါမတဘဲ ရစေခဲ့တာ...မင်းစကားဆို တစ်ခွန်းထဲ ပီးနေတာ....စိတ်ဆတ်တဲ့ကိုယ်က မင်းမျက်နှာတစ်ချက်ညှိုးရုံနဲ့ ခခယယ ပြန်ဖြစ်သွားတာ....မင်းတကယ် ဘဲမသိတာလား...မသိချင်ယောင်ဆောင်တာလား...
ရည်းစား တွေထည်လဲနဲ့ မကြာခဏအသဲကွဲတတ်တဲ့ အချစ်ဘုရင်မကြီးက ငါ့ရင်ထဲကျဘာမှမမြင်နိုင်ဘူးလား....ဖြေစမ်းပါဟာ....

အလွှာပါးလေးနဲ့ ကမ္ဘာခြားနေရတဲ့ကိုယ် စည်းကလေးဖျက်ချင်ပေမဲ့ ဒီစည်းကလေးထဲကပဲ အသက်ဆက်နိုင်တဲ့ကိုယ်
သေခန်းပျက်မှာ ကြောက်တဲ့စိတ်နဲ့ မင်းနဲ့အနီးဆုံးမှာ တစိမ့်စိမ့်ကြည့်နေရတဲ့ကိုယ်ရယ်ပါ....

လာချေသေးတယ် သူမင်္ဂလာဆောင်ရင် သတိုးသား အရံလုပ်ပေးပါတဲ့ ပြုံးပြုံးလေး ထိုင်ကြည့်နေတယ်ဆိုတာ ကျေနပ်နေတယ် ထင်နေတာလား...သူငယ်ချင်းရယ်...လုပ်ပါ မင်းကြိုက်သလိုလုပ်.မွေးဖွားလာသမျှ အကြင်နာတွေ ''သူငယ်ချင်း''ဆိုတဲ့ ကြိုးကွင်းစွပ်ပြီး မချိမဆန့် နေဆိုလဲ ကမ္ဘာချီအောင်နေ မှာမို့ မင်းကြိုက်သလိုသာလုပ်.....

Sep,19,2018
12:27AM

Feel For''........''Where stories live. Discover now