မီးခိုးတွေတလှိမ့်လှိမ့် အူထွက် နေ တဲ့ အဆောက်အအုံ ကို ရောက်လာတဲ့ မီးသတ်ကားပေါင်းစုံ တို့ ထိုနေရာမှာစိုက်မြိုက်နေ ခဲ့တယ်....
ထိုကြားထဲမှာ အသက် ၄၀ကျော်လောက်ရှိသော အမျိုးသမီးတစ်ယောက်ရဲ့ ခြေကုန်လက်ပမ်းကျ လောက်အောင် ဖြစ်နေသော ဖြူဖတ်ဖြူရော်မျက်နှာ ...
"ကျွန်မဘဝတော့ သွားပါပြီ...ကျွန်မတော့သေပါပြီ...ဟာ..သွားပါပြီ....."
ထိုသို့မီးတောက်များရဲရဲတက်နေသောအဆောက်အအုံကိုကြည့်ကာ အသံကုန်ဟစ်နေသော်လည်း သူမ အသံမှာတစ်ဖြည်းဖြည်း ပျောက်ကွယ် လာခဲ့ရာမှ ဖြူဖျော့ကာခွေလဲကျသွားသည်.....
......................
ဒေါ်မြတ်သခင်အရက်ရဲ့ကြေးကျွန်ဖြစ်ကာ ကွယ်လွန်ခဲ့သူ
ခင်ပွန်း ဦးနေမင်း မရှိတော့သည့်ကာလ ကတည်းက ဖတဆိုးသားဖြစ်သူ
ရှင်းခန့်အောင်ကို အမေ သဖွယ်က တစ်ကြောင်း
အဖေသဖွယ် တစ်ကြောင်း ကြွေးမွေးလာခဲ့သည်....ယခု သားလေး ၁၀တန်းနှစ်မှာမထင်မှတ်ပဲ ကိုယ်ထူကိုယ်ထ ထူထောင်ခဲ့တဲ့ စက်ရုံ မီးလောင်မှုကြောင့် အခက်အခဲတွေများစွာကျော်ဖြတ်ခဲ့ရတယ်.....
ဒေါ်မြတ်သခင်က ထက်မြတ်သောမိန်းမ တစ်ယောက် ပြေလည်နေချိန်ကာလ ကလည်း သားဖြစ်သူကို စည်းကမ်းတင်းကျပ်စွာထား သည် လိုချင်တာကို အပေးအယူ နဲ့ လုပ်တတ်သည့်မိန်းမ မျိုး ..... ထိုသို မပြေလည်သည့် ကာလတွင်း မှာ
ခင်ပွန်းရဲ့သူငယ်ချင်းဖြစ်သူ ဦးမင်းသူ ကို ယူလိုက်ပြီး မိန်းမ ဝတ်တရားနဲ့အညီ ပြုစုပေးခဲ့သည်
သားဖြစ်သူကိုလည်း ဦးမင်းသူက ကိုယ့်သားအရင်းသဖွယ်၁၀ တန်းပြီးသည်ထိ ပြုစုသည်ကြောင့် စိတ်ချမ်းသာနေခဲ့ရသည်....ယခုလည်း ဦးမင်းလှအနားယူပြီးသားဖြစ်သူကို ပထွေးရဲ့ company မှာ ဝင်လုပ်ကာ manager ဖြစ်နေ ပြီး အကုန်လုံးသဘောကျလောက်အောင် လုပ်ရည်ကိုင်ရည်ရှိလှသည် ....
.............
ရှင်းခန့်အောင်
လူကောင်းက ပိန်ပိန်လေးနှင့် အေးဆေးနေတတ်သူ ဖြစ်သည် ..အနောက်တိုင်းsuit ကို သေသပ်စွာဝတ်ပြီး နာရီကို အမြဲ မမေ့အောင်ဝတ်တတ်သူ
ဆံနွယ် အညိုရောင်မဆန် အမဲရောင်ဘက်မရောက်ကို လူကြီးဆန်အောင် ဖီးလိမ်းကာ အသန့်ကြိုက် သူဖြစ်သည်ဆိုပိုမှန်မည်ကျောင်းမှာဆိုလည်း အမြဲ Top 1 to 5 စာရင်းဝင် ပြီးဆရာမ များကပင်းပါးစပ်ဖျားက မချခဲ့ စာ စာ စာ ဖြစ် နေ သောကြောင့်အပေါင်းအသင်းလည်းသိပ်မများခဲ့ပေ....
ယခု company တွင်လည်း လိုတာထပ် ပိုမပြောသော ရှင်းခန့်အောင် ကို လူ အများစုက ရှိန်ကြသည် ....
.......
ဦးမင်းသူ
အပြစ်ကင်းယုန်သဖွယ်နေတတ်ပေမယ့်ရင်ထဲမှာ ဒဏ်ရာအပြည့်နဲ့ ဘယ်တော့မှပေါက်မထွက်တဲ့ သူ
ရင်ထဲမှာ ကလဲ့စားချေ ရန်သာ အမြဲတွေးတောနေတဲ့ သူ နဲ့ အဆောက်အအုံ မီးလောင် မှုမှာ အပြစ်တွေပုံ အောချခံရတဲ့ ဒေါ်မြတ်သခင်နဲ့ စုစည်းမိရာ မြားဦးလှည်ရာ ဒေါ်မာလာနှင့်ဦးလင်းမာန် မောင်နှံသို့ .....
ဒေါ်မာလာနှင့်ဦးလင်းမာန်တို့ ရဲ့ ယုတ်မာမှုတွေကြောင့် ခေါင်းမဖော်နိုင်အောင် တိမ်မြုပ်ခဲ့ရတဲ့ ဒေါ်မြတ်သခင်
ထိုလင်မယားရဲ့ Company ပြိုင်ဘက် ဦးမင်းသူ
.........
thank You Readers
ပုံလွှာ့ရဲ့ first Creation ဖြစ်လို့ အနားသတ်မလှတာရှိကောင်းရှိနိုင်ပါလိမ့်မယ်
အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားရေးမှာပါ
#23.9.18(Sunday)
YOU ARE READING
Electric
Humorမင်းဟာ Electric လိုလူ အန္တရာယ်ရှိမှန်းသိရက် မလွန်ဆန်နိုင်အောင်လှုပ်ခတ်နိုင်သော Electric နာကျင်မှာတွေနဲ့ပျော်မွေ့အောင်သင်ပေးသော Electric