အတိတ်သို့

15 1 0
                                    

ိဟိုးဝေးဝေးကပေါ့
ငါတို့နှစ်ယောက်လမ်းလျှောက်လာနေခဲ့
မင်းဆိုတာမီးရထားလမ်းရဲ့တစ်ဖက်
ငါကားဆန့်ကျင်ဘက်တစ်ဖက်။

လမ်းတွေလျှောက်နေဆဲ
လျှောက်လဲလျှောက်နေမြဲ
လမ်းဆိုတာကတော့
ပျောက်လဲပျောက်နေမြဲ။

မှတ်တိုင်တွေဝေးကျန်ခဲ့
ဓာတ်တိုင်တွေဝေးကျန်ခဲ့
မင်းရှေ့မှာမှတ်တိုင်တစ်ခု
ထို့နောက်င့ါရှေ့မှာတစ်ခု။

မင်းရှေ့ဆက်လျှောက်ရင်နီးမယ်
ငါ့အတွက်ကျဝေးမယ်
ငါတို့ပန်းတိုင်ကိုပြန်လှည့်မလား
ထားလိုက်လေမင်းပဲနီးလာပါစေ။

တည့်တည့်ပြောရမလား
မင်းကလူယုတ်မာ
ငါ့အချစ်သာထုထည်ရှိခဲ့ရင်
မင်းဟာမြူမှုန်တစ်ခုထက်မပို။

ငါတို့မဝေးနေခဲ့
ငါတို့နီးမနေခဲ့
မင်းဟာဇလီဖာတုံးတစ်ခုအကွာ
ငါကားကျန်အခြားတစ်ဖက်။

ရံဖန်ရံခါဆိုသလိုပေါ့
မင်းဘက်ကနေထွက်မယ်
အခြားတစ်ဖက်ကားငါ့ဆည်းဆာပေါ့
ငါကားအမှောင်ခြမ်းတစ်ဖက်။

အဖန်အဖန်အခါခါပေါ့
လမ်းကူးဖို့မကြိုးစားခဲ့
မင်းမှာဆုံမှတ်တွေရှိမယ်
ငါ့အတွက်လည်းထိုနည်းတူစွာပေါ့။

ဖြတ်မျဉ်းတွေကိုငါတို့ရယ်ကြမယ်
နီးလာပြီးထွက်ခွာသွားမှာပေါ့
အဆုံးစွန်ထိဆိုရင်တော့
မင်းနဲ့ငါကပြိုင်မျဉ်းတစ်စုံ။

                                          Salix

အတိတ်သို့ပြူတင်းပေါက်မှကြည့်ရှု့ခြင်းWhere stories live. Discover now