🌵Part 1🌵(Zaw/Uni)

8.4K 334 12
                                    

#Zawgyi

အချစ်​ဆိုတာကို ဘာမှန်းသေချာနားမလည်​ခင်
အချိန်​ကတည်းက ကျွန်​တော့်​နှလုံးသားရဲ့
အနက်​ရှိုင်းဆုံးနေရာမှာ ကိုကို့နာမည်​ကို ရေးထိုးထားခဲ့ပြီးသား...................................

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

06/07/2018 (Wed)  

"Yoon San Ha!!!!ဘယ်​ရောက်​နေလဲ..."

အပေါ်ထပ်​မှ ကိုယ့်​နာမည်​ကိုအော်​ခေါ်နေတဲ့
ကိုကို့ အသံကြောင့်​ အောက်​ထပ်​မှာမနက်​စာ
ပြင်​နေတဲ့ San ကိုယ်​လေးတုန်​သွားရသည်​။
ကိုယ်​ဘာအမှားလုပ်​ထားမိလဲဆိုတာကို အသည်းအသန်​စဉ်းစားနေမိတုန်း...

"Yoon San Ha!!!"

နောက်​တကြိမ်​အော်​ခေါ်သံ  ကြားရတဲ့အချိန်​မှာ
တော့ အပေါ်ထပ်​ကိုအမြန်​ဆုံးပြေးမိတော့သည်
လှေကားဘယ်​နှထစ်​ကိုကျော်​တက်​ခဲ့မိမှန်းမသိ
.......

အပေါ်ထပ်​ရောက်​လို့ အခန်းတံခါးတွန်းဖွင့်​ကာ
ဝင်​လိုက်​တော့ shirt အသားရောင်​တစ်ထည်
ကိုကိုင်​ထားတဲ့ ကိုကို့ကိုတွေ့ရသည်။ကိုကို့ရှေ့
နားမှာမတ်​တပ်​ရပ်​လိုက်​ပြီး...

"ဘာ...ဘာဖြစ်​လို့လဲဟင်​ ကိုကို"

မ၀ံ့မရဲမေးမိတော့ အကြည့်​စူးတစ်​ချက်​ကဒိုင်း
ခနဲ

"ဘာဖြစ်​လို့လဲ  ဟုတ်​လား...မနေ့ကအစည်း
အဝေးသွားရမှာမို့လို့ ဒီအကျီ် င်္ကို အသင့်​လုပ်
ထားဖို့ ငါမင်းကိုမပြောထားဘူးလား..."

မနေ့က.....ဦးနှောက်​ကိုအမြန်​အလုပ်​ပေးကာ
စဉ်းစားတော့မှ.....အာ..ဟုတ်​သားပဲ မနေ့က
ကိုကိုစိတ်​ဆိုးအောင်​လုပ်​မိလို့ အပြစ်​ပေးခံရပြီး
တဲ့ အချိန်​...ကိုကိုပြောခဲ့တာပဲ.....

သေလိုက်​ပါတော့ Yoon Sanရယ်​......
သေချာမှာလိုက်​တာကိုမှမေ့ရတယ်​လို့.....

"ဟို.....တောင်း..တောင်းပန်​ပါတယ်​ ကျွန်​တော်
သတိမရလို့ပါ..."

"မင်းတမင်​လုပ်​တာမဟုတ်​လား..."

အေးစက်​စက်​အသံနဲ့မေးလာတာကြောင့်
အမြန်​ငြင်းမိသည်​...

🔮 Again 🔮[Both Zaw&Uni(completed)]   Where stories live. Discover now