🌵Part 2🌵(Zaw/Uni)

3.9K 217 0
                                    

#Zawgyi

ဖြစ်​ချင်​တိုင်း ဖြစ်​ခွင့်​မရတဲ့အခါ ကံတရားကိုပဲ
အပြစ်​တင်​ရမှာလား..............

🌷 🌷 🌷 🌷 🌷 🌷

မနေ့က အရိုက်​ခံထားရတာရော မနက်​ကအပူ
လောင်​ထားတဲ့ ဒဏ်ရာတွေကြောင့်​ပါ San
ဖျားနေပြီ ဖြစ်​သည်​။အိမ်​မှာကလဲ ကိုကိုက
maid တွေကိုမထားတာမို့...မထားတာအင်းပေါ့
လေ San ရောက်​တဲ့အချိန်​ကစပြီးမထားတော့
တာပေါ့။မနက်​တပိုင်းသာခေါ်တဲ့ arjima ကလဲ
ပြန်​သွားပြီမို့ San ကလွဲပြီး ဘယ်​သူမှမရှိ။ဖျား
နေတာနဲ့ အတူခေါင်းက အဆမတန်​ထိုးကိုက်
နေတာမို့ အောက်​ထပ်​ကဆေးဗီရိုထားရာကို ဆင်းခဲ့သည်​။လှေကားကဆင်းနေတုန်း ခေါင်းကမိုက်​ခနဲဖြစ်​သွားတာမို့ လှေကား
လက်​ရန်းကို ကိုင်​လိုက်​ပေမယ့်​ မမိ​တော့ဘဲ

'၀ုန်း!!!'

San လှေကားရှစ်​ထစ်​လောက်​ကနေ အောက်
သို့လိမ့်​ကျသွားတော့သည်​။

× × × × × × × × × × × × × ×

10/06/2008 (Tue)

"ဘယ်​လိုလုပ်​ကျမလဲ yeobo"

"စိတ်​လည်းသိပ်​မပူပါနဲ့ကွာ ကိုယ်​စဉ်းစားပါဦး
မယ်​"

အိပ်​ခန်းထဲမှာထိုင်​ကာစကားပြောနေကျတဲ့
မိဘနှစ်​ပါးကို Eun အခန်းတံခါးဝကနေချောင်း
ကြည့်​နေမိသည်​။

Eun လူမှန်းသိတတ်​စအရွယ်​ကတည်းက appa ဒီလောက်​ထိစိတ်​ညစ်​နေတာကိုတစ်​ခါမှ
မတွေ့ခဲ့ဘူးတာကြောင့်​ ကြည့်​နေမိခြင်း

"ကျွန်​မတို့ အဆင်​ပြေသွားမှာပါနော်​"

စိုးရိမ်​တဲ့မျက်​၀န်းတွေနဲ့appaကိုမော့ကြည့်​ကာ
ပြောနေတဲ့ omma

appaက ommaပုခုံးကိုဖက်​လိုက်​ကာနှစ်​သိမ့်
သလိုပုတ်​လိုက်​ပြီး

"အဆင်​ပြေသွားမှာပါ ကိုယ်​အားလုံးအဆင်​ပြေ
အောင်​လုပ်​မှာပါ"

အသက်​ ၁၆ နှစ်​အရွယ်​ Eun ဟာappaတို့
ပြောနေတာတွေအားလုံးကိုမသိပေမယ့်​ အနည်းနဲ့အများတော့ နားလည်​ပါသည်​။အရင်
ရက်​ပိုင်းတွေမှာကတည်းကappaရဲ့လုပ်​ငန်းမှာ
အခက်​အခဲရှိနေတယ်​ဆိုတာကို Eun ရိပ်​မိနေခဲ့
သည်​။

🔮 Again 🔮[Both Zaw&Uni(completed)]   Donde viven las historias. Descúbrelo ahora