အပိုင်း(၁)

2.5K 94 16
                                    

မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့နေ့
အုံ့မှိုင်းနေသော ကောင်းကင်းကြီးရဲ့အောက်မှာ hoodieပန်းရောင်လေးနဲ့ ချစ်စရာကောင်မလေးကို ကျွန်မငေးနေတာ ကြာနေပြီ (အမှန်ပြောရရင် ငမ်းနေတာပေါ့နော်😁)

သူမ လမ်းပေါ်မှာ ရပ်နေတာ ကြာနေပြီ မတ်တပ်ရပ်ပြီး မိုးဖွားလေးတွေကို လက်ဖဝါးနဲ့ခံပြီး ဆော့ကစားနေတာ

သူမလေးချစ်ဖို့ကောင်းတာကို ကော်ဖီဆိုင်ထဲက ကောင်ကလေးတွေ ကြည့်နေတာ မြင်တော့ ကျွန်မ မနာလိုဖြစ်မိလာရော ပန်းရောင်ကလေးရယ် အရမ်းချစ်ဖို့ မကောင်းပါနဲ့လားဟာ

ကျွန်မခုမှသတိထားမိတယ် သူမရီလိုက်တိုင်း သွားစွယ်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာဘဲ

ကြာလာတော့ သူမလေးကို စိတ်ပူလာပြီး ထီးကိုယူလာပြီး သူမလေးကို ပေးပြီး ပြေးထွက်လာမိတယ် ကျွန်မရူးသွားတယ် ထင်ပါရဲ့

မကြာခဏ ဖျားတတ်တဲ့ ကျွန်မ မိုးမိမှာ သေမလောက်ကြောက်တဲ့ ကျွန်မ
သူမလေးကို ဘာကြောင့် ထီးပေးခဲ့မိသလဲ ကျွန်မမသိတော့ဘူး

"ဖွားရေ အိမ်ပြန်ရောက်ပါပြီ"
"ဟယ် သွယ်လေး မိုးရေတွေ စိုလို့ပါလား
ထီးထဲ့ပေးလိုက်မလား ဖျားတော့မှာပါဘဲ
မြေးရယ် သွားသွား ရေသွားသုတ်"

"ဖွားရယ် မမောဘူးလား ဖြေးဖြေးပြောလဲရပါတယ်"

"ဒီလိုပါဘဲဖွားရဲ့ သွယ်လေး ကားပေါ်က ဆင်းဆင်းချင်း ထီးဆောင်းလိုက်တာ ကျိုးသွားလို့ အဲ့တာနဲ့ မဆောင်းဖြစ်ခဲ့တာ(ကိုယ့်ကလေးညာနေပြီ)
ခဏဘဲမိုးစိုတာပါ ဖွားရဲ့ စိတ်ပူပါနဲ့"

"အယ် ဖိုးကိုပြန်ပြောနဲ့နော်ဖွား ချစ်တယ်လေနော်"

"ပြောသင့်ရင်ပြောရမှာဘဲ"

"ဖွားကလဲ တော်ပြီမခေါ်တော့ဘူး
ညစာလဲမစားတော့ဘူး"

နုပျိုသွယ်တစ်ယောက် သူ့အဖွားကို စိတ်ဆိုးပြီး
အခန်းတံခါးပိတ်ပြီး အိပ်ပျော်သွားလေရဲ့

သွယ်တစ်ယောက် မနေ့က ဖွားကိုစိတ်ဆိုးနေလို့ မနက်စာမစားဘဲ အိမ်ကစောထွက်ခဲ့ပါတယ်။

မနေ့က ထိုင်ခဲ့တဲ့ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ဖို့ ဝင်လာတော့ မထင်မှတ်ဘဲ မနေ့က ပန်းရောင်လေးကို တွေ့ခဲ့တယ်။

...ဟော မနေ့ကပန်းရောင်လေးပါလား ချစ်စရာလေး ဒီနေ့ကျ ပန်းရောင်ဂါဝန်လေးနဲ့ပါလား။ အရမ်းချစ်ဖို့ကောင်းလိုက်တာ မဟုတ်သေးပါဘူး ငါမိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ တွေးနေမိတာလား...

ဟိတ် ဟိုကောင်မလေး လူကို ဘာလို့ ပြူးကြည့်နေတာလဲ ခြယ်ဘာတွေပေနေလို့လဲ။

”အာ ဘာမှမပေပါဘူး ဒါနဲ့သွယ့်ကိုသိလို့လားဟင်။”
စိတ်ထဲတွေးမိတာက ပန်းရောင်လေးက မှတ်မိတယ်ပေါ့ အင်းပေါ့လေ ငါကလဲ roဆန်သွားတာကို အဟိ

"ဟဲ့ ကောင်မလေး ငုတ်တုတ်မေ့ပြန်ပြီ စောနက မတ်တပ်မေ့နေတာ အိပ်ရေးမဝလို့လား။"

"အာ...တောင်းပန်ပါတယ်နော် သွယ်အတွေးလွန်သွားလို့ အဟီး"

"အေးပါ ဟုတ်ပါပြီ ဘာစားမလဲ"

"မောင်လေး ခဏလောက် သွယ့်ကို တို့ဟူးနွေးတပွဲ ကော်ဖီခါးခါးလေးတစ်ခွက် ပြီးတော့နန်းကြီးသုပ်တပွဲ ဒါနဲ့မကကော ဘာစားမလဲဟင် ကော်ဖီဘဲမှာထားတာလား တခြားမှာပါဦးလား။"

"အမကိုလဲနန်းကြီးသုပ်တစ်ပွဲပေးနော် အစပ်နဲနဲပိုပေးနော် မောင်လေး။"

"ဒါနဲ့မမနာမည်ဘယ်လိုခေါ်လဲဟင် သွယ့်နာမည်ကနုပျိုသွယ်ပါမမ။ မနေ့ကပြန်တော့ ဆေးသောက်ရဲ့လားဟင် ဟပ်ချိုး... အာ sryနော်မ"

"ဟယ်ဆေးမသောက်ထားဘူးလား။"

"ဟုတ် ဟီး... သွယ်ကဆေးသောက်ရမှာ ပျင်းတယ်မ နာမည်ဘယ်လိုခေါ်လဲလို့။
မပြောရင် ကလေးကြီးလို့ခေါ်မှာနော်။"

"မနာမည်က ပန်းသွေးခြယ်ပါညီမလေးရဲ့ ကလေးကြီးမဟုတ်ပါဘူးနော်။
ကဲစားစား ဒီနေ့မရှင်းလိုက်မယ်နော်။”

"ဟီး ရပါတယ်မရဲ့ စေတနာရှိမှတော့ စားရမှာပေါ့ ဒါမဲ့ အဲ့အစား သွယ့်အိမ်မှာ ညစားလာစားပါနော်။ ဒီနေ့လာခဲ့ပေးပါနော်။ ph noလေးပေးနော်မ... messageပို့ပေးလိုက်မယ်နော်။ လာချင်ရဲ့လားတော့မသိဘူး...မလာချင်လဲရအောင်လာရမှာနော် မဟုတ်ရင်မစားဘူး"

...မကလေ သွယ်ပြောသမျှကို ပါးစပ်လေးဟပြီး နားထောင်နေတာ ချစ်စရာလေး ကလေးလေးကျနေတာဘဲ သွယ်ကလေ စကားများနေမိတာကို...
"မဟုတ်ရပါဘူး.. သွယ်ရဲ့လာခဲ့ပါမယ်။ 094........
ဒါကမ့ph no မ အတန်းရှိသေးလို့ သွားလိုက်ဦးမယ်နော် 😄 ညကျမှ တွေ့မယ်နော်"

"ဟုတ်မမတာ့တာ"

ချစ်သောမနှင့် ကျွန်မWhere stories live. Discover now