Part - 6

718 159 16
                                    

"Chanyeol ! ငါမင်းကို အမြင်ကတော့ တော်တော်ကပ်နေပြီနော်..မင်း ကြည့်လွန်းလို့ ဖုန်းလဲ ပေါက်ထွက်တော့မယ်..
တော်တော်ကြိုက်လား အဲ့မျက်နှာကို.."

ကျောင်းမသွားရသေးခင် ဖုန်းထဲက Yuan ပို့လိုက်တဲ့ China မှာ လျှောက်လည်ရင်း ပြုံးပျော်နေတဲ့ WuKris ရဲ့ ပုံတွေကို ထုတ်ကြည့်နေပြန်တဲ့ ChanYeol အား Chen နှင့် Kai က မြင်ပြင်းကပ်စွာ စ၍ ပွမ်တော့သည်။

"YiYuan ကလဲနော်..သူ့အစ်ကို ပုံကို
ထောင့်ပေါင်းစုံကနေ ကြည့်ကောင်းအောင် ဘယ်လိုများ ရိုက်လဲ မသိဘူး.." -_-

"ငတုံး..အဲ့ဒါ Yuan ကြောင့် ဖြစ်မလား..KrisWu ကိုက ချစ်ဖို့ကောင်းလွန်းတာလေ..အား ! ပြောရင်း လွမ်းလိုက်တာကွာ.."

သူ့ကို တုံးတယ်ပြောလို့ Chanyeol ကို
Chen မျက်စောင်းကြီးကြီးထိုးလိုက်သည်။

"နေပါဦး..မင်း ပြောတော့ Kris ဆံပင်အဖြူ ပြောင်းဆိုးထားတယ်ဆို..အခု ပုံထဲမှာ ဆံပင်က အဝါရောင် မဟုတ်လား.."

သတိတရနဲ့ ထမေးလာတဲ့ Kai ကြောင့်
Chanyeol အပြုံးတွေ ရပ်သွားသည်။

"အင်း..ဖြစ်နိုင်တာက ငါ သူ့ကို အဖြူနဲ့ ပိုကြည့်ကောင်းတယ်လို့ ပြောမိလိုက်လို့ အရောင် ထပ်ပြောင်းလိုက်တာ ဖြစ်မှာပေါ့.."

Chanyeol ရဲ့ ချက်ချင်း မျက်နှာငယ်လေးဖြစ်သွားတဲ့ ပုံစံကို မကြည့်ရက်တဲ့ Chen က ပြောရှာသည်။

"ကောင်းတာပေါ့ကွာ ဆိုးပါစေ..အခု အရောင်ကလဲ မိုက်တာပဲဟာ..သူ ပိုကြည့်ကောင်းလေ မင်း ပိုစိတ်ချမ်းသာလေပဲ မဟုတ်ဘူးလား..သူက မင်းအတွက်ပဲလေ.."

Chen စကားအဆုံးမှာ အခုလေးတင် ငယ်နေတယ်ဆိုတဲ့ Chanyeol မျက်နှာက ချက်ချင်းပင် အရှက်မရှိစွာပဲ စပ်ဖြီးဖြီးဖြစ်သွားသည်။

"ဒါလဲ ဟုတ်တယ်နော်.."

"ကဲ ကဲ တော်လောက်ပြီ ထကြတော့..
ကျောင်းသွားဖို့ အချိန်ကျပြီ.."

ကျောင်းဆိုတဲ့ အသံကြားတော့ Kai မျက်နှာပျက်သွားသည်။ဒါကို သိတဲ့ Chen က သူ့ကို အတင်းဆွဲထူသည်။

★Crush★√Donde viven las historias. Descúbrelo ahora