' စာကြည့်တိုက်ပဲပို့ပေးရမလား သခင်လေး '
တီးတိုးမေးလာတဲ့ ဒရိုင်ဘာစကားကြောင့်
ခုံကိုလျော့တိလျော့ရဲမှီထိုင်နေရာကနေ
သူ မတ်မတ်ထိုင်လိုက်သည်။
သူ့အတွက်အနားယူဖို့အချိန်ဆိုတာ
ကျောင်းသွားကျောင်းပြန်
ကားစီးချိန်နာရီပိုင်းမျှပင်ဖြစ်လေသည်။
မှေးရုံမှေးထားတဲ့မျက်လုံးတွေကို
အသာဖွင့်လိုက်သည်။ စိတ်ထဲရှိတဲ့အတိုင်းဆို
အိမ်ပြန်အနားယူချင်နေပြီ။ သို့ပေမဲ့
သူ့တာဝန်တွေကမပြီးဆုံးသေး။' ဟုတ်ကဲ့ '
လွယ်အိတ်ထဲက dictionaryကိုထုတ်ပြီး
အိပ်ချင်စိတ်တွေကိုမောင်းထုတ်လိုက်သည်
သူ ဒီလိုနေလို့မဖြစ်ဘူးလေ' အိမ်ကကလေးတွေရော ဒီချိန်ဆို
ကျောင်းဆင်းလောက်ပြီ 'မီးနီနေတဲ့အချိန် တစုတဝေးသွားနေကြသည့်
ကျောင်းသားတွေကိုမြင်တော့
ဒရိုင်ဘာက သူ့ကလေးတွေကို
သတိတရရေရွတ်သည်။ ဖခင်မေတ္တာဆိုတာ
ချိုမြိန်ပါဘိ။ သူ့ကိုရော .. ဒီလိုချိန်
သတိတရရှိပေးနေမယ့် သူ့မိဘတွေမှမဟုတ်ပဲ။
ပြုံးရုံကလွဲပြီး တခြားမတတ်စွမ်းသာပါ။နံဘေးပတ်ဝန်းကျင်ကို
သူ သတိထားကြည့်မိလိုက်သည်
တငြိမ့်ငြိမ့်သွားနေတဲ့ ကျောင်းကားပေါ်မှာ
ကျောင်းသူကျောင်းသားတို့ကအပြည့်ပင်
ကျောင်းတွေစဖွင့်ပြီမို့ ဒီလိုပဲ မနက်ခင်းတွေ
ညနေပိုင်းတွေမှာ ဆိုလ်းလမ်းမထက်
ကျောင်းဘပ်စ်ကားတို့အလုပ်တွေရှုပ်ချေပြီနွေဦးမို့ နေရောင်တွေဖျဖျကျနေသလို
လတ်ဆတ်နွေးထွေးသောလေပြေတို့က
တိုက်ခတ်နေသည်။ ဘေးဘက်လမ်းမတွေထက်
ရွက်ဝါတွေရွက်နီတွေစုံအောင်ပင်။ကားပြတင်းမှန်ကိုနည်းနည်းဖွင့်လိုက်တော့
နွေဦးလေပြေက မျက်နှာထက်သို့မိတ်ဆက်သည်
သိပ်မပူတဲ့နေရောင်ကလည်းကျနေသည်
လေပြေကြောင့်ဆံပင်တွေလှုပ်ရမ်းသွားတော့
သူ ခပ်ပြေပြေလေးပြုံးမိလိုက်သည်ဒီနွေဦးပြီးသွားခဲ့ပြီဆိုရင်
သူ၏အထက်တန်းကျောင်းသားဘဝလည်း
ပြီးဆုံးသွားတော့မည်။ သူဖြစ်ချင်တဲ့
ရည်မှန်းချက်တွေပြည့်ဖို့ဆိုရင်
ဒီနှစ်သည် အစွမ်းကုန်ကြိုးစားရတော့မည်။
ငယ်ကတည်းက ရည်မှန်းချက်ကြီးသူမို့
တောက်လျှောက်ကြိုးစားလာခဲ့သည်။