ရယ်နေတယ် ...
သူ့ပါးမို့မို့တွေပင့်တက်ပြီး မျက်လုံးတွေပျောက်အောင်အထိ
Baekhyun ရယ်နေမိတယ် ..ဖြာကျနေတဲ့နေရောင်အောက်မှာ
သူဟာ သဘောတကျရယ်မောပြေးလွှားနေတယ်လွတ်လပ်လိုက်တာ ..
လှောင်ချိုင့်ထဲကလွတ်သွားတဲ့ငှက်လိုပဲ
သူ့စိတ်တွေ လွတ်လပ်နေလိုက်တာ
ဒီအခိုက်အတန့် ကုန်ဆုံးမှာကိုပင်
သူ ကြောက်နေမိပါသည်' စီနီယာ ပျော်လား ... '
အမြဲတမ်းလိုလိုပြုံးနေတတ်တဲ့ ဒီကောင်လေးက
သူ့မူပိုင်ဩရှရှအသံလေးနဲ့ မေးလို့လာတယ်Baekhyunခေါင်းငြိမ့်ပြလိုက်တယ်
ဒီကောင်လေး ထပ်ပြုံးပါသည်' စီနီယာ ဒီမှာလာအိပ်ချကြည့် '
ကောဇောခင်းထားသလို စိမ်းစိုနေတဲ့မြက်ခင်း
လှဲချမိတဲ့အခါ အထိအတွေ့ကအိနေပါရဲ့
မျက်နှာချင်းဆိုင်မြင်နေရတဲ့ အဆုံးအစမရှိတဲ့
ပြာလဲ့လဲ့ကောင်းကင်ကြီးကို သူစိုက်ကြည့်နေမိ၏' စီနီယာပျော်အောင် ကျနော်အမြဲထားပေးမယ်'
ဒီကောင်လေးကတော့ Baekနံဘေးနား
ထိုင်လို့နေတယ်။ တစ်ချက်တစ်ချက်
လေဝှေ့ပြန်တော့ သူ့ဆံသားအုပ်အုပ်တွေကို
ကလူသွားလေရဲ့ ။ပါးခြိုင့်လေးပေါ်အောင်ပြုံးလေတဲ့ ဒီကောင်လေး
အရင်အတိုင်းပါပဲ ..
သူ့နှုတ်ခမ်းတွေကပြုံးနေဆဲဆိုပေမဲ့
သူ့မျက်လုံးတွေထဲ မျက်ရည်တွေဝေ့နေမြဲBaekhyunရင်ဘတ်တစ်နေရာက
စူး၍အောင့်လာသည်
မှတ်မိဖို့ကြိုးစားတိုင်းမှာ သူဟာ
ပိုလို့ဝေဝါးသွားပါရဲ့ ....' စီနီယာရဲ့ဒီနေရာမှာ ကျနော်အမြဲရှိနေမယ်'
Baekhyunရဲ့ရင်ဘတ်နေရာသို့
လက်ညိုးနဲ့ထောက်ပြီး ဒီကောင်လေး
ပျောက်ကွယ်သွားပြန်တယ်' မသွားပါနဲ့ ကျေးဇူးပြုပြီး '
မျက်ရည်တွေသွင်သွင်ကျလာမိတယ်
Baek သိပ်ကိုနာနာကျင်ကျင်ငိုနေမိသည်' ဟင့်အင်း ..မသွားပါနဲ့လား '
Baekမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်မိသည်
အဖြူရောင်မျက်နှာကျက်နဲ့အတူ တစ်ပါတည်း
တွဲပြီးရလိုက်တဲ့ဆေးနံ့တွေကြောင့် ဒီနေရာက
ဘယ်မှာဆိုတာ သူသိလိုက်ပြီ။