two

1K 133 6
                                    

အိမ်တံခါးကိုဖွင့်ဖို့လုပ်နေရုံရှိသေး
ဟိန်းထွက်လာသော စကားသံများ
ဒရိုင်ဘာကတော့ မျက်နှာပျက်စွာနဲ့ပင်

ဒီအိမ်မှာ အလုပ်လုပ်လာတာ
ဆယ်နှစ်ကျော်ရှိနေပြီ။ အမြဲလိုလို
မပြောင်းလဲသွားသည်က Byunမိသားစုပင်

စီးပွားရေးသာသိသော မိဘတွေနှင့်
သူတို့၏တစ်ဦးတည်းသောသား Baekhyun
အပြုံးအရယ်နည်းပြီး အေးစက်စက်နိုင်သည်
ချစ်ဖို့ကောင်းတဲ့မျက်နှာလေး ဒီကလေးဆီမှာ
ပိုင်ဆိုင်ထားပေမဲ့ ထိုအမူအရာတို့သည်
မြင်နိုင်ဖို့သိပ်ကိုခဲယဉ်းလေသည်။

မိဘတွေရန်ဖြစ်နေသည်ကိုပင် Baekhyunက
ဂရုထားပုံမရ။ အရင်လိုပင်
ခပ်တွေတွေခပ်အေးအေးနှင့်သာ

' ဦးလေးလည်း ဖြည်းဖြည်းပြန်ပါ '

' သခင်လေးလည်း ကောင်းကောင်းအနားယူပါ
နေ့လည်ကကြည့်ရတာ နေသိပ်ကောင်းပုံမရဘူး '

သွေးမတော်တဲ့သူစိမ်းကပင် သူ့အတွက်
စိုးရိမ်ဖော်ရသေးသည် ။ အိမ်ထဲမှာရှိနေတဲ့
မိဘဆိုသူတွေကတော့ သူပြန်လာတာကို
သိကြသေးပုံပင်မရှိ။ သူ့မျက်နှာရိပ်ကို
အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးဖို့ဆိုတာ
ဝေလာဝေးစွ။

' ကျနော် အဆင်ပြေပါတယ် ဦးလေး '

ချည့်နဲ့နေပါတဲ့အပြုံးကြောင့် ဒီကောင်လေး၏
ဖြူရော်ရော်ပုံလေးက ပို၍ထင်းလာသည်

' ကဲ ..ဒီသကြားလုံးလေးယူထား
အိမ်က အငယ်မလေးဆိုသိပ်ကြိုက်တာ '

' ကျေးဇူးတင်ပါတယ် '

အိမ်ထဲသို့ ကုပ်ကုပ်လေးဝင်သွားသော
Baekhyun၏နောက်ကျောကို
သူကြည့်၍ စိတ်မကောင်းဖြစ်မိသည်
အမြဲတမ်း အဆင်ပြေပါတယ်ဟု
တဖွဖွပြောတတ်တဲ့ Baekhyun
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမဲ့
ရွှင်လန်းတက်ကြွခြင်းလုံးဝမရှိ
ယုတ်စွအဆုံး ပြုံးခြင်းငိုခြင်းပင်မရှိ

ဒီကလေးဘဝက ပြည့်စုံသည်ဟု
အပြင်ပန်းကသာထင်ရက်စရာအပြည့်

'အကုန် ရှင့်ကြောင့်ပဲ '

' မင်း ပါးစပ်ပိတ်ထားစမ်း
ငါလုပ်တာ မိသားစုကောင်းဖို့အတွက်ပဲ '

As I LiveWhere stories live. Discover now