Part 1

54 4 0
                                    

"​ဟေး စုပြုံချစ်​​ရေ....."
လာပါပြီငဖြိုး

"​ခေါ်ပြန်​​ပြီလား ​သေနာ​ကောင်​ ငဖြိုး
မင်းကို ဘယ်​နှစ်​ခါ​ပြောရမလဲ
အဲ့နာမည်​ကိုမ​ခေါ်နဲ့လို့ သူများကြားရင်​ ရှက်​စရာကြီး"

"မင်းနဲ့လိုက်​တာပဲ
ချစ်​ချင်​စရာ​လေး မိန်းက​လေး​တောင်​အရှုံး​ပေးရမဲ့ရုပ်​​လေး"

ငဖြိုး ​ပြောလဲ ​ပြောချင်​စရာ ကျ​တော့်​ရုပ်​က မိန်းက​လေးမျက်​နှာနှင့်​ ခပ်​ဆင်​ဆင်
အသားအရည်​ကလဲ ရှမ်း​ရောလို့လားမသိ ဖြူ ဖြူ ဥဥနဲ့ မထိရက်​စရာ ..အရပ်​ကလည်း မရှည်​မပုနဲ့ ခန္ဓာကိုယ်​ကလဲ
ပိန်​ပိန်​​သေး​သေးဆို​တော့ ဆံပင်​အရှည်​သာ ထားရင်
တကယ်​မိန်းက​လေးစစ်​စစ်​😪
တချို့မသိတဲ့မိန်းက​လေး​တွေဆို Tom boyလား လာ​မေးတဲ့သူကရှိ​သေး
အဲ့လိုဖြစ်​​နေပါတယ်​ဆို စုပြုံချစ်​​ရေ ဆိုပြီး လိုက်​စတဲ့ ​ယောက်ျား​လေး​တွေကရှိ​သေး
မလွယ်​ပါတကား ​ယောက်ျား​လေးချင်း​တောင်​ အထင်​​သေးခံရတဲ့ဘဝ 😪

"​ပြော ဘာကိစ္စလဲ ငဖြိုး ဒီမှာငါ့ပစ္စည်း​တွေ ​နေရာချလို့မပြီး​သေးဘူး မင်းအားရင်​ လာကူစမ်းပါဟ"

"မင်းတစ်​​ယောက်​ထဲမအားတာမဟုတ်​ဘူး
လာဟိုမှာဆရာကအကုန်​​ခေါ်ခိုင်းလိုက်​လို့"

"ဟုတ်​လား ခဏ​​စောင့်​ဦး ငါစာအုပ်​စီလိုက်​ဦးမယ်​ကွ"

"​အေး​အေး မြန်​မြန်​လုပ်​...ချစ်​"

"ဘာချစ်​လဲကွ မင်းဟာကိုမင်းချစ်​"
ကျ​တော်​​ပြောရင်း ​ဘေးက ​ခေါင်းအုံးနဲ့ လှမ်းပစ်​လိုက်​တာကို ​ခေါင်းအုံးကို​ဖမ်းရင်း တဟားဟားနဲ့ရယ်​​နေတဲ့ ငဖြိုး

ကျ​တော်​နဲ့ငဖြိုးက ​ပညာ​ရေး​ကောလိပ်​ကို လာတက်​ကြတဲ့ပထမနှစ်​​ကျောင်းသား​တွေပါ
နောင်​တချိန်​မှာ ​​ကျောင်းဆရာဖြစ်​ဖို့​ပေါ့
ကျ​တော်​က​တော့ က​လေး​တွေကို ချစ်​လဲချစ်​တယ်​ ဝါသနာလဲပါတယ်​ ငဖြိုးက​တော့ ဘာစိတ်​ကူးလဲ​တော့မသိ..
သူလဲ​ကျောင်းဆရာလုပ်​မယ်​တဲ့
ငဖြိုးက ငယ်​ငယ်​တည်းက စာ​တော်​သည်​ ကျ​တော့်​လိုငဖျင်းမဟုတ်​ ကျ​တော့်​ကို​တော့ ​တော်​​တော်​ခင်​ရှာသည်​ ကျ​တော်​လဲ ငယ်​ငယ်​တည်းက ​ပေါင်းစရာဆို ငဖြိုးပဲ ရှိသည်
ကျ​တော်​နဲ့တည့်​တာဆိုလဲ ငဖြိုးပဲရှိသည်​ ​တော်​ရုံလူ​တွေနဲ့ မတည့်​တဲ့အကျင့်​ ကျ​တော့်​မှာရှိတယ်​ ကျ​တော့်​အကျင့်​​ကြောင့်​ ကျ​တော့်​ကို ဘယ်​သူမှမ​ပေါင်းချင်​ကြ😁

Love Story Of CollegeWhere stories live. Discover now