"ဆရာကလဲ အခန်းပြောင်းပေးပါဗျာ
ကျတော်ဒီအရူးကောင်နဲ့မနေနိုင်လို့ပါဗျာ"ဆရာစာရင်းရေးချိန်တွင် လိုက်နှောင့်ယှက်နေသော ဆေးထက်
"မရဘူးကွ မင်းနဲ့လဲ ဘယ်သူမှမနေချင်ကြဘူးလေကွ"
"ဟာ ဖြိုးသက်ပိုင်ကရော ကျတော်နဲ့မနေဘူးလား"
"သူကမင်းနဲ့ဆို လုံးဝမနေဘူးတဲ့"
"ဟာဗျာ...ရတယ်လေ ကျတော်နဲ့မနေချင်ကြဘူးပေါ့ နောက်မှအကုန်နောင်တရမယ်😕ဆရာလဲအပါအဝင်ပဲ ဟွန့်😕"
"ဟာ ဒီကောင် ဘာစတိုင်လဲ
ဘာသူ့နာမည် ဆေး ..ဘာဆိုလား""ဘာဆေးမှမဟုတ်ဘူးဆရာရေ..စုပြုံချစ်ဗျ သူ့နာမည်.."
ဆရာ့ကိုလာနှောင့်ယှက်ပြန်လေသော ဖြိုးသက်ပိုင်"ဟေ စုပြုံချစ်😳"
နာမည်ကြားပြီး ဆရာပင် မျက်လုံးပြူးမိသည်"အဲ့စုကအဲ့လိုပဲ ဘာမှမဟုတ်ဘူး အပြောပဲရှိတာ😂"
"သူများကိုသွားပြောနေ မင်းကရော ဘာလာလုပ်တာလဲ
ဒါနဲ့ ဖြိုးသက်ပိုင် မင်းကဒီမှာဘာလုပ်နေတာလဲ ...မင်းကိုငါအိမ်သာဆေးခိုင်းထားတယ်မလား..""ဟဲဟဲ 😁"
"မင်းတို့သူငယ်ချင်း၂ယောက်လုံးတူတူပဲ
အဲ့ကောင်စုပြုံချစ်ကလဲ အရူး..ဘယ်သူနဲ့မှမတည့်ဘူး
မင်းကလဲ နှာဘူး ဘယ့်နှယ့် မိန်းကလေးအဆောင်သွားချောင်းရတယ်လို့.. အဆောင်မှူးလုပ်လာတာကြာပြီ..မတွေ့ဖူးဘူးမင်းတို့လိုကျောင်းသားမျိုး....""😂😂"
"ဆရာရေ ဆရာရေ"
အလောတကြီး ပြေးလာသော ဇွဲ"ကျန်သေးတယ် ဟိုကျောင်းသား သူလဲအရူးတစ်မျိုး"
"အေး ဘာကိစ္စလဲ"
"ကျတော့်အခန်းဖော် တူးတူး ခေါင်းကွဲသွားလို့"
"ဟယ် ဟုတ်လား လာဘယ်နားမှာလဲ"
..................................................
