ဘေးနားထားသောဖုန်းဆီမှာအလန်းမြည်သံကြောင့်နိုးသွားတယ် ကိုကိုနိုးသွားမှာစိုးလို့အလန်းသံတိုးတိုးလေးသာလုပ်ထားခဲ့တယ် နာရီကြည့်လိုက်တော့....
Tae : 5 နာရီထိုးပီပဲ
ဘေးမှာအိပ်နေသော Jk ကိုကြည့်ပီး နှဖူးလေးကိုညင်ညင်သာသာထိရုံတမယ်နမ်းလိုက်တယ်
Tae : Morning ကိုကို.... ချစ်စရာလေး😙
ကိုကိုအတွက် မနက်စာပြင်ပေးဖို့ မျက်နှာသစ်ပီး ဆံပင်ကိုလျော့လျော့လေးစီးလိုက်တယ် ။ မှန်ထဲမှာတစ်ချက်ပြုံးလိုက်ပီး... Kim Tae Hee တို့ဘဝတော့ပြောင်းလဲသွားပီ တစ်နေ့တစ်နေ့အလုပ်မှာ ဘုရင်မကဲ့သို့ ဟိန်းဟောက်နေသလောက် အခုတော့ Jk ရဲ့ခွေးပေါက်လေးသာသာ သူပြုသမျှ မငြိုမငြင်လုပ်ပေးနေရတယ် သူ့မျက်နှာလေးတစ်ချက်ပျက်သွားတာနဲ့ ကျမရင်ထဲဆူးနစ်သွားသလို အောင့်တတ်လာတတ်တယ် ။
Tae : ကိုကို... ကိုကို
Jk : ကျစ်.... ဘာလဲကွာ
Tae : ထတော့လေ 7နာရီခွဲနေပီ Tae မနက်စာပြင်ပေးထားတယ် ရေချိုးပီးဆင်းခဲ့နော်
Jk ဘာမှပြန်မပြောပဲ အိပ်ယာကထပီး ရေချိုးခန်းထဲကိုဝင်သွားတယ် ရေချိုးပီးဆင်းလာတော့....
Tae : ကိုကို... necktie စောင်းနေတယ် ။
Tae နက်စ်တိုင်ချည်ပေးဖို့ လက်ကမ်းလိုက်တဲ့အချိန် Jkကလက်ကိုရိုက်ချလိုက်တယ်
Jk : ငါ့ကိုလာမထိနဲ့ ငါဘာသာလုပ်မယ်
Tae : Tae ကစေတနာနဲ့လုပ်ပေးတာပါ
Jk : hk မင်းလိုလူကစေတနာဆိုတာ သိတယ်ပေါ့လေ ရယ်ချင်စရာကြီး...
Tae : ကိုကိုမကြိုက်ရင် Tae မလုပ်တော့ပါဘူး
Jk : ......
Tae : စားရအောင်လေ ကိုကို... Tae တတ်သလောက်ချက်ပေးထားတယ်
Jk ရေညှိဟင်းချိုကိုတစ်ချက်မြည်းကြည့်ပီး
Jk : ထွီ..... လူစားတာရောဟုတ်ရဲ့လား
Tae : ဘာဖြစ်လိုလဲ ကိုကို.... မကောင်းလို့လားဟင်
Jk : ကောင်းလားမကောင်းလား ကိုယ့်ဘာသာစားကြည့် "တောက်" ခွေးစာတောင်ဒီထက်ကောင်းအုံးမယ်
