Chapter 1

113 8 3
                                    

"Ding Ding Ding!Ding Ding Ding"

"သခင်လေး မနက် ၇နာရီထိုးနေပါပြီ..အချိန်တွေလည်းနောက်ကျကုန်ပါပြီ...နှိုးစက်လည်းအော်နေတာကြာပြီသခင်လေး"

နှိုးစက်သံကြားသော်လည်း အိပ်ရေးမဝသေး၍ တမင်မထဘဲ နှပ်နေပါတယ်ဆိုမှ အိမ်ထိန်းကြီးMin ရဲ့အသံ..

"ဟာ...မထချင်သေးဘူး ၅ မိနစ် ၅ မိနစ်"

"မရတော့ပါဘူး သခင်လေး..အောက်ထပ်မှာ သခင်ကြီးနဲ့သခင်မတို့ မနက်စာစားဖို့စောင့်နေပါပြီ သခင်ကြီးစိတ်ကိုသိတယ်မလား"

"အား....ထမယ်ဗျာ ထမယ်!တစ်နေ့တစ်နေ့ကောင်းကောင်းအိပ်ရတယ်ကိုမရှိဘူး"

"ဟုတ်ကဲ့ အဲ့ဒါဆို သခင်လေးထပြီလို့သွားအကြောင်းကြားလိုက်ပါဦးမယ်"

"ကြွဗျာ ကြွကြွ ကျွန်တော်ရေမိုးချိုး ပြင်ဆင်ပြီးရင်လာခဲ့မယ်"

'ညကသောက်ထားတာများသွားပြန်ပြီ ဆေးတော့မသောက်ချင်ဘူး ရေဘဲသောက်တော့မယ်...
အိပ်ရေးမဝလို့စိတ်မကြည်တာကတစ်မျိုး hangoverကြောင့်ခေါင်းကိုက်တာကတစ်မျိုးနဲ့ ခေါင်းကြည်သွားအောင် မြန်မြန်ရေချိုးဦးမှပါ'

ရေချိုးခန်းထဲဝင် အဝတ်အစားချွတ်ကာ ရေပန်းကိုဖွင့်ချလိုက်သည်။ရေနဲ့ထိတွေ့လိုက်တော့မှ အနည်းငယ်လန်းဆန်းသွားသလိုလို...
မျက်နှာသစ် သွားတိုက် ရေအမြန်ချိုးပြီးနောက် bathrobe ဝတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ကိုယ့်ပုံကိုယ်မှန်ထဲပြန်ကြည့်မိတော့ နက်မှောင်တဲ့ မျက်ခုံး..ပြတ်သားတဲ့ jawline..ကြည်လက်နေတဲ့မျက်ဝန်းတစ်စုံကိုမြင်ရ၏။ရင်အုပ်ကျယ်ကျယ်နဲ့ ဗိုက်မှ 8 pack အမြှောင်းလိုက်တို့က အထင်းသား။

'အံမယ် ကိုယ့်ဘာသာကိုယ်တောင်ပြန်ကြွေချင်သွားတယ် တယ်ချော တယ်ခန့်တဲ့ငါပါလား'

မနက်စောစောစီးစီး Over Confidence အပြည့်နှင့် ကိုယ့်အကြိုက် All black ဝတ်ကာထမင်းစားခန်းဆီသို့ပြေးရသည်။

" Jeon Jungkook! မိဘကမနက်စာစားဖို့စောင့်နေတာကြာပြီ ခုမှရောက်လာရသလား! မနက်အိပ်ယာထဖို့တောင် အဲ့လောက်ဝန်လေးနေတာ ကြီးပွားဦးမယ် မင်းတော့"

🔮MIRACLE🔮Where stories live. Discover now