Chapter 2

17 0 0
                                    

တစ်နိုင်ငံလုံး အချမ်းသာဆုံးစာရင်းဝင်မိသားစုမှတစ်ဦးတည်းသောသား..
မိန်းကလေးများ တဖြုတ်ဖြုတ်ကြွေကျရလောက်သည့် ရုပ်ရည်နှင့်သူ့အတွက်တော့ ဒါမျိုးတွေဟာ နေ့စဉ်ပုံမှန် အဖြစ်အပျက်တွေလို မထူးဆန်းတော့။

"ဟယ် jungkook Oppa! Bae ဆီကဒီလက်တောင်လေး ယူပေးပါလား!Oppa အတွက်လေ..Bae တကူးတက limited edition ကိုဝယ်ထားရတာသိလား"

ကျစ်! လာပြန်ပီ ကားထဲကအထွက်ခြေချပြီဆိုတာနဲ့ အရှုပ်ထုပ်တွေ...

သူကဒီကျောင်းမှာ playboy အဖြစ်နာမည်ကြီးသည်။ကျောင်းထဲကလှပေ့ ချောပေ့ ပျိုမဒီမှန်သမျှ သူ့လက်ကမလွတ်။ မာနကြီးပါသည်ဆိုသော ဟန်နဲ့ပန်နဲ့လည်း သူ့ခြေရင်းမှာ ခစားရမြဲ။ သူကအဲ့လောက်ကို အရှိန်အဝါကြီးသည်။

Jeon Jungkookနဲ့ဆိုရင် ဘယ်နှစ်ရက်လောက်ဘဲ တွဲရတွဲရဆိုသူများကလည်း ဒုနဲ့ဒေး။သဘောထားကြီးစွာတွဲပေးပြန်တော့လည်း သူဘဲ Playboy နာမည်ရသည်။သို့သော် ဒီနေ့သူစိတ်မပါ။အိပ်ရေးမဝတာတစ်မျိုး Hangoverကြောင့်တစ်မျိုး ပွားခံထားရတာတစ်မျိုးကြောင့် စိတ်ကသိပ်မကြည်...

အတန်းပထမဦးဆုံးအချိန်ဆို သူတက်လေ့မရှိ။ jungkook တို့အဖွဲ့စုရပ် တစ်နေရာရှိသည်။အဲ့နေရာမှာ လူစုပြီးလေကြသည်ပေါ့။စုရပ်ရောက်တော့ hyung တွေအကုန်ရောက်နှင့်နေပြီ။

"ဟျောင့် jungkook! မင်းနောက်ကျလှချည်လားကွာ...မင်းကိုစောင့်ရတာ ဗိုက်ထဲမှာ သံစုံမြည်နေပြီ"

ငင့်!Jin Hyung ကတော့ စတွေ့တည်းက ကောပြီ။

"Hyung ကလည်းဗျာ...ဗိုက်ဆာတာများစားလိုက်ပေါ့!အိမ်က Father ကြီးအကြောင်းလည်းသိသားနဲ့!သူထုတ်ထားတဲ့စည်းကမ်း မလိုက်နာရင် အိမ်ပေါ်ကဆင်းနေရမှာ"

"ဪ အေး မင်းကပြောအားရှိတာပေါ့!မင်းအိမ်က မနက်စာကအစ မင်းအတွက်သေချာစီစဉ်ပေးတာလေ!ငါတို့ဆို ဘာလုပ်လုပ် အိမ်ကဂရုကိုမစိုက်တာ!စားလားမစားလားလည်းမသိ လိုတဲ့ပိုက်ဆံပေးပြီးရော အကွက်တွေ...ပစ်ထားခံရတဲ့ feel တွေမင်းမသိပါဘူးကွာ"

"အမလေး...ဟုတ်ပါပြီ ရပါပြီ..ကျွန်တော်ကိုယ်တိုင်မနက်စာ လိုက်ကျွေးပါ့မယ်...drama တွေ ဆက်မခင်းပါနဲ့တော့!မနက်တည်းက ကောခံထားရတာ နားတွေလည်းပူလှပါပြီ"

"Jungkook ရေ...မင်းကအကွက်ထဲတန်းဝင်သွားတာကိုးကွ!Jin Hyungက မင်းကိုကုန်းဆင်းဖို့ အပြင်းအထန် drama ခင်းနေတာ"

"ဟေ့ကောင် Jimin တိတ်စမ်း!ငါကတကယ် feel ပြီးပြောနေတာကွ!ဘာဘဲဖြစ်ဖြစ်ပါလေ Uri Kookie လေးက ဝယ်ကျွေးမယ်ဆိုတော့လည်းဒါနမြောက်အောင်စားပေးရတာပေါ့"

"စားချင်ရင် စားချင်တယ်မပြောဘူး"

"အောင်မာ ပြီးရင်မင်းရော မမျိုမှကျနေတာဘဲ..သွား!ဟိုမှာ Yoongi ကို သွားနှိုး! Jk ကိုစောင့်ရင်းနဲ့ ဘယ်နှစ်ရေးတောင်ရနေပြီလဲမသိဘူး"

"နိုးပြီသား...ဘယ်နှစ်ရေးမှမရဘူး!သူတို့အသံတွေချည်းဘဲ ဆူညံနေတာ"

"ဖြစ်မှဖြစ်ရလေ...ဆင်နင်းရင်တောင်မနိုးမယ့်သူကများ..ကဲကဲကဲ!ဒါဆိုလည်းကျောင်းနားက Cafe ဆီ ချီတက်ကြစို့! ဟိုနှစ်ကောင် Joonနဲ့ Hobi အဲ့ဖုန်းကနေမျက်နှာခွာတော့!တွေ့သမျှစကီလိုက်ကြူမနေနဲ့ ငါဗိုက်ဆာတယ် ဒိုးမယ်..လာ!"

ပြောရင်းဆိုရင်းဂုတ်ကနေဆွဲကိုင်သွားတဲ့ Jin Hyungရဲ့လက်ထဲ ယက်ကန်ယက်ကန်ပါသွားတဲ့ နှစ်ယောက်ကိုကြည့်ရင်း နောက်ကအမြန်လိုက်ရသည်။ တော်ကြာထပ်နောက်ကျရင် Jin Hyung ရဲ့ လက်သံကိုမမြည်းစမ်းလို။

🔮MIRACLE🔮Where stories live. Discover now