Chapter 3

5 0 0
                                    

Third Person POV

“Delicious”
ကျောင်းရှေ့တွင်ရှိသော်လည်း ဆိုင်နေရာသေးခြင်း၊ အပြင်အဆင်သိပ်မရှိခြင်းတို့ကြောင့် လာထိုင်သူနည်းသည်။
Rk တွေချည်းတက်သည့်ကျောင်းမို့ ဒီလိုအညတရဆိုင်လေးတွင် လူမရှိခြင်းက အဆန်းမဟုတ်
သို့သော် အရသာနဲ့ နားအေးပါးအေးရှိခြင်းတို့ကြောင့် Jungkook တို့အဖွဲ့ အခြေချရာအရပ် ဖြစ်နေခြင်းပင်။

Jm- ဟေ့ရောင် jungkook! မင်း ဒီညပါတီလာရမှာနော်..ဟိုတစ်ခေါက်ကလိုမလုပ်ကြေး

Jk- ဟာ hyung ကလည်း!!အဲ့တုန်းက father ကြီးရဲ့ စီးပွားမိတ်ဖက်တွေနဲ့ မိတ်ဆက်ပေးမလို့ဆိုပြီးမထွက်ခိုင်းလို့‌လေ
ကျွန်တော်က ထွက်ချင်တာ တစ်ပိုင်းကိုသေလို့!

Jm- မင်းအဖေကလည်း လွယ်မနေဘူး ဘဝကြီးကို စာအုပ်ကြီးလုပ်နေတာ ငါသာမင်း‌နေရာမှာဆို မနေနိုင်ဘူး

Jin- သူမနေလို့ရမလား
ဟိုက အမွေဖြတ် ကဒ်ပိတ်လိုက်ရင် ဒီကောင်ဂန့်မှာလေ

Jk- ဟဲဟဲ အဲ့တာ main point လေ main point
ဘာဘဲဖြစ်ဖြစ် ဒီည party တော့ ရောက်အောင်လာမယ်ဗျာ
Halloween ညမှာ အိမ်မှာပိတ်မိနေရင် လူဖြစ်ရှုံးမှာ

Jm-ဟုတ်တယ် ဒီည အပီကဲကြမယ်
ငါကြံစည်‌နေတာလေးလည်း ရှိတယ်
ဒါနဲ့ မင်းတို့ မြို့အစွန်နားက Mansionကြီး သိကြတယ်မလား

Jk- သရဲခြောက်တယ်လို့နာမည်ကြီးနေတဲ့ Mansionမလား

Jin-ဒီမြို့မှာ အဲ့အိမ်ကြီးအကြောင်းမသိသူရှိလို့လား အရမ်းခမ်းနားထယ်ဝါပြီး လှပလို့ ဓာတ်ပုံသွားရိုက်ချင်တာတောင် အနားမကပ်ရဲကြဘူးလေ

Jm- အမှန်ဘဲ ထပ်ဆင့်သတင်းတစ်ခုကိုပြောရမယ်ဆိုရင် အဲ့အိမ်ကြီးမှာ မိသားစုလိုက် သတ်ခံခဲ့ရတာတဲ့ အိမ်ကြီးရှင်တွေရဲ့ ဝိဉာဏ်တွေဟာ ခုထိမကျွတ်လွတ်နိုင်သေးဘူးပေါ့ကွာ

Gi-မင်းသတင်းက ခိုင်လုံရဲ့လား ဘယ်ကကြားလာတာလဲ

Jm-ခိုင်လုံသပဆို ကျွန်တော့်ဦးလေးပြောပြတာ‌လေ
သူငယ်ငယ်က လူငယ်သဘာဝ သူငယ်ချင်းတွေနဲ့ အဲ့အိမ်ကြီးကို သွားစူးစမ်းခဲ့ကြဖူးတယ် အဲ့ဒီမှာ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်က သရဲမြင်ပြီး သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရတာတဲ့ တစ်ပတ်လောက်အပြင်းဖျားပြီး ကယောင်ကတမ်းတွေဘဲ ပြောနေခဲ့တာဆိုဘဲ

Joon-ဒီတော့ မင်းက ဘယ်လိုစီစဉ်ထားလို့တုန်း

Jm-ကျွန်တော်တို့ halloweenညတိုင်း ကလပ်တွေတက် ဟိုပါတီသွား ဒီပါတီကဲလိုက်နဲ့ ကုန်ဆုံးခဲ့ကြတာလေ
ဒီတစ်ခါတော့ အသစ်အဆန်း‌ဖြစ်သွားအောင် အဲ့ဒီအိမ်ကြီးမှာ Partyလုပ်ကြမယ် အပြင်လူတွေမပါဘူးဗျာ ဒီလူတွေသီးသန့် စိတ်လှုပ်ရှားစရာညကို ဖြတ်သန်းကြမယ် ဘယ်လိုလဲ?

Hobi- ‌ဟာ ငါတော့မသွားချင်ဘူး ရှုပ်ရှုပ်ယှက်ယှက်
အပြင်မှာ စကီလေးတွေနဲ့ဘဲ ကဲချင်တာကွ

Gi- မင်းကြောက်ရင်ကြောက်တယ်ပေါ့ ဘာဆင်ခြေတွေပေးနေတာ

Hobi-ဘယ်သူပြောလဲ ကြောက်တယ်လို့
ဒီ Jung Hoseokကို သတ္တိအရာမှာ ဘယ်သူမှမယှဉ်နိုင်ဘူး

Jimin-ဒါဆို သွားကြမယ်လေ စကီလေးတွေက ကျန်တဲ့ချိန် ရှိတ်လို့ရတာဘဲကို
Hyungစဉ်းစားကြည့်ဗျာ လူတွေအနားတောင်မကပ်ရဲတော့တဲ့ ဒီလိုအိမ်ကြီးမှာ ကျွန်တော်တို့က halloweenည ကုန်ဆုံးခဲ့တယ်ဆိုတဲ့ သက်သေသာယူလာနိုင်ရင် အထင်ကြီးခံရမှာ မလွဲဘူး
ဓာတ်ဖမ်းလို့ကလည်းကောင်း

Jin-ငါတို့ကရတယ် အပြောင်းအလဲလေးဖြစ်တာပေါ့

Hobi-ဟင်း.....တားမရလည်း သွားကြတာပေါ့ ဒါပေမယ့်တစ်ခုခုမူမမှန်တာနဲ့ ပြန်ထွက်လာကြမယ်နော် ကြောက်လို့မဟုတ်ဘူး Safetyအရ

Jm- Okiဗျာ ဒါဆိုအကုန်သဘောတူတယ်နော် Comfirmလိုက်မယ်

Jk- ခုတည်းက အရမ်းမျှော်လင့်နေပြီ videoပါရိုက်ထားရမယ် ဟေးဟေး

Joon-ဒါဆို ဒီည ငါ့အိမ်မှာအရင်လူစုကြတာပေါ့ကဲ နောက်တစ်ချိန်အတန်းလည်းစတော့မယ် သွားကြစို့

ဒီလိုနဲ့ Jungkookတို့အဖွဲ့
Halloweenညအတွက် အစီအစဉ်တွေချပြီးနောက်အတန်းတက်ရန် ကျောင်းထဲသို့ပြန်လာခဲ့ကြသည်

You've reached the end of published parts.

⏰ Last updated: Dec 08, 2020 ⏰

Add this story to your Library to get notified about new parts!

🔮MIRACLE🔮Where stories live. Discover now